ငါဟာမင်းအတွက်

သျှင်မ

900 Kyats ကျပ်
လူတွေရဲ့ဘဝမှာ ကိုယ်လည်း ဖန်တီးခဲ့တဲ့ အပြစ်အနာအဆာ မဟုတ်ပါဘဲ ဒီ့အတွက်ကြောင့်ပဲ အနှိမ်ခံဘဝနဲ့ ရပ်တည်ရှင်သန်နေရင်ခြင်းက ရင်နာစရာကောင်းလှပါတယ်။ ‘သဏ္ဍာန်’ ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာလည်း ဘဝကို အဲဒီလို နည်းနဲ့ ရှင်သန်နေရသူပါ။ “အတွက်”ကတော့ မိတဆိုးသမီးလေးအဖြစ် အလိုလိုက်ခံရတတ်တဲ့သူတွေရဲ့ ထုံးစံအတိုင်း အရာ ရာကို တစ်ဖက်သတ်လုပ်တတ်တဲ့ အကျင့်စရိုက်နဲ့ ကောင်မလေးပါ။ ဒီလိုလူငယ်နှစ်ဦးဟာ မထင်မှတ်ဘဲ ကတောက်ကဆဖြစ်မှုတွေနဲ့ ဆုံတွေ့ကြရတဲ့အခါ ‘အတွက်’ ကတော့ သူ့စရိုက်အတိုင်း တစ်ဖက်စီးနင်းပေါ့။ သဏ္ဍာန်ကလည်း ဘဝမှာ အရာရာကို မျိုသိပ်ငုံ့ခံလာခဲ့တဲ့ အကျင့်အတိုင်းပဲ ငြိမ်သက်တိတ်ဆိတ်လို့။ ဒါပေမယ့် သဏ္ဍာန်ရဲ့ ရင်ထဲမှာတော့ ငြိမ်သက် တိတ်ဆိတ်ခြင်းမရှိတဲ့ လှိုင်းတစ်ခုက အဲဒီအချိန်မှာ ဖြတ်သန်း ရိုက်ခတ်လိုက်ပါတော့တယ်။ အဲဒါကတော့ အတွက်ကို ချစ်မိသွားတဲ့ ချစ်ခြင်းပါ။ ဒီဇာတ်လမ်းမှာ ထိုသို့ အစပျိုးမှုတွေနဲ့ ဇာတ်ကွက်ကို ဖန်တီးထားရင်း ဘယ်သူဟာ ဘယ်သူအတွက် ဖြစ်မှာလဲဆိုတဲ့ သရုပ်ဖော်ဖွဲ့နွဲ့မှုက ထိမိလှပါတယ်။ ပြီးတော့ ဒီဇာတ်လမ်းထဲက ကွယ်ဝှက်ထားတဲ့ အကြောင်းအရာတစ်ချို့ကလည်း ဖတ်နဲ့ရင်းနဲ့ပဲ ဇာတ်လမ်းကို တစ်ဆစ်ချိုးပြောင်းလဲသွားစေမှာမို့ စာဖတ်သူတို့ အကြိုက်တွေ့စေမှာ ဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။