လူပျင်းတွေလည်းအောင်မြင်နိုင်ပါတယ်

သဲအောင်

700 Kyats ကျပ်
တကယ်ပြောတာဗျ။ လူပျင်းတွေလည်း အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစာအုပ်ထဲမှာ ဆရာသဲအောင် ဆိုထားတဲ့ လူပျင်းဟာ ခပ်ညံ့ညံ့လူပျင်းတော့ မဟုတ်။ လုပ်စရာ မရှိသေးလို့ လုပ်ဖို့ အခွင့်အလမ်းကို စောင့်ဆိုင်းနေသူတဲ့ဗျ။ ပြောရရင် လူတော်လူပျင်းမျိုးပဲ ဆိုပါတော့ဗျာ။ ဒီတော့ ဘယ်လိုမျိုး လူတော်လူပျင်းတွေက အောင်မြင်နိုင်မှာလဲ ? လူပျင်း ဖြစ်ရဲ့သားနဲ့ အောင်မြင်နိုင်ဖို့နည်းလမ်း ဆိုတာ တကယ်ရော ရှိလို့လား ? အထာကျကျ ပျင်းရမှာလား ? ပျင်းတဲ့နေရာမှာ တော်နေအောင် ပျင်းရမှာလား ? စာအုပ်နာမည်နဲ့တင် မေးခွန်းတွေက အများအပြား။ လူပျင်းတွေရဲ့ အစစ်အမှန် အသုံးဝင်ပုံတွေကို ဆရာက သူ့ အတွေ့အကြုံတွေနဲ့ ပြောပြထားတယ်ဗျ။ ဖတ်သာကြည့်လိုက်တော့ဗျို့ !