မနေ့က ပင်လယ်ကွေ့

သူဝေး

750 Kyats ကျပ်
ဒီစာအုပ်ကတော့ ဆရာသူဝေးရဲ့ ငယ်လက်ရာ ကဗျာတွေကို စုစည်းထုတ်ဝေထားတဲ့ စာအုပ်လေးပါ။ တစ်ပုဒ်လောက် မြည်းကြည့်ပါဦးခင်ဗျ။ လူမည်းတစ်ယောက် =============== လူမည်းတစ်ယောက် မြို့ပြထဲ လမ်းလျှောက်လာတယ် ။ ဘဏ်ဖောက်ဖို့လား အသေခံဗုံးခွဲသူလား ထောင်ပြေးလား စပိုင်လား ( ပီဇာပို့သူလို့တော့ သိပ်မထင်ရ ) စိန်မှောင်ခိုသမားလား ငွေမည်းကိုင်ဆောင်သူလား သမ္မတ လုပ်ကြံမည့်သူလား မသိရ ။ လူမည်းတစ်ယောက် မြို့ထဲကလှမ်းလျှောက်လာတယ် မြစ်နံဘေးက မျှော်စင်ကြီးအောက်ရောက်မှ လက်တစ်ဖက်ကိုခေါင်းအုံးလဲလျောင်းပြီး ဓာတ်ကြိုးပေါ်ကခိုတွေကို အကြာကြီးကြည့်နေလေရဲ့ ။ - သူဝေး - [ မနေ့က ပင်လယ်ကွေ့ ... ကဗျာစာအုပ်မှ ... ]