မီးတောက်ဟောင်းကလေး

သူဝေး

750 Kyats ကျပ်
မီးတောက်ဟောင်းကလေး … ဆိုတော့ Old Flame ပေါ့နော်။ တကယ်တော့ Old Flame ဆိုတာ တချိန်က ချစ်သူ , EX ကို တင်စားထားပါ။ ဒီဝတ္ထုလေးကရော ဘယ်လို ဖြစ်မလဲ ? EX နဲ့ ပြန်ပေါင်းထုပ်ခန်းလား။ သေချာတာကတော့ ‘သူဝေး’ ရေးပြီ ဆိုမှတော့ စာဖတ်သူ ထင်သလို ဇာတ်လမ်းထက်တော့ ပိုပြီး ထူးခြား ဆန်းသစ်နေမယ်ဆိုတာ ပြောစရာတောင် မလိုပါဘူးနော်။ “အများသုံး အနာဂတ်တွေနဲ့ ဘဝကို ရပ်မပစ်နဲ့။ အိပ်မက်ဆိုတာ အိပ်တုန်းမက်ဖို့ မဟုတ်ဘူး။ လက်ဆုပ်လက်ကိုင်ပြဖို့” တဲ့။ သူခိုးဓားပြ (၄) ယောက်။ ' ကား' ကို အသေအလဲ ရူးသွပ်သူ တဦး။ ဘာကြောင့်လဲ ဘယ်သူမှ သေချာမသိတဲ့ 'အရူး' တယောက်။ လောင်းကစားသမားနှစ်ယောက်။ ချစ်ရသူ ကောင်လေးနဲ့ တွေ့ဖို့ ရေခဲမုန့်ဝယ်ပြီး စောင့်နေသူ ဂျပန်နိုင်ငံ တနေရာက ကောင်မလေး တယောက် ! တခါမှ မဖတ်ဖူးတဲ့ ဇာတ်လမ်းမျိုးကို ဖတ်ရမှာမို့ စာချစ်သူတို့အတွက် ညွှန်းပါတယ်နော်။