နန်းတွင်းကျောင်းသား

သူဝေး

800 Kyats ကျပ်
သွက်လက်တဲ့ အရေးအသား၊ ဖောက်ထွက်လာတဲ့ ဇာတ်လမ်းအသစ်၊ ကဗျာဆန်လွန်းတဲ့ အဖွဲ့အနွဲ့တွေ သိပ်မပါတဲ့ ဇာတ်လမ်းတစ်ပုဒ် ... အဲဒီလို စာအုပ်တစ်အုပ် ဖတ်ချင်နေတယ်ဆိုရင် "နန်းတွင်းကျောင်းသား" က သင့်ကို လျှာရင်းမြက်စေမှာ အသေအချာပဲ။ မန္တလေး နန်းတွင်းထဲက ဆယ်တန်းကျောင်းသားလေး တစ်ယောက်ရဲ့ ဖြတ်သန်းမှု။ အဲဒီအရွယ် ကျောင်းသားတွေရဲ့ ပျော်ရွှင်မှု၊ လွပ်လပ်မှု၊ စည်းကမ်း ဖောက်ဖျက်မှု၊ စိတ်ကစားမှု၊ မျောလွင့်မှု၊ တမ်းတမှု၊ နာကျင်မှု တွေကို သဘာဝကျကျ ရေးဖွဲ့ထားပါတယ်။ "လေလွင့်သူ" ထဲက ဟိုလ်ဒင်ကောဖီးလို အရာရာကို ပုန်ကန်ချင်တဲ့၊ လွင့်နေတဲ့ လူငယ်တစ်ယောက်လို နန်းတွင်းကျောင်းသားထဲက "ငချက်" ရဲ့ စရိုက်အဖွဲ့က ကြွနေပါတယ်။ မန္တလေးမြို့ထဲက ဘဝတွေနဲ့ မတူတဲ့ နန်းတွင်းထဲက ဘဝတွေ ။ သီးခြားကမ္ဘာလောကလို ဖြစ်နေတဲ့ မန္တလေးသူ မန္တလေးသားတွေနဲ့ မတူတဲ့ စစ်တပ်ပေါင်းစုံရဲ့ မိသားစုဝင်တွေ၊ ကျောင်းသားတွေရဲ့ ရုပ်ပုံလွှာတွေ။ ရာဇဝင်ထဲက ပုဂ္ဂိုလ်တွေနဲ့ ဆယ်တန်းကျောင်းသား တစ်ယောက်ရဲ့ ပက်သက်မှုတွေ။ တွေးနေ ငေးနေရတာကို သဘောကျတဲ့ ငချက်၊ ရာဇဝင်ထဲက ပုဂ္ဂိုလ်တွေနဲ့ ဆုံတွေ့ပြီး စကားပြောဆိုတတ်တဲ့ ငချက်၊ တေပေလေလွင့်နေတာ မဟုတ်ပေမဲ့ သူငယ်ချင်းတွေနဲ့ နည်းမျိုးစုံ ကဲတတ်တဲ့ ငချက်ရဲ့ နန်းတွင်းထဲက ဆယ်တန်းကျောင်းသားဘဝဟာ ကိုယ့် ကျောင်းသားဘဝကို ပြန်လည် မြင်ယောင် ခံစားစေမိမှာ အသေအချာပါပဲ။