ငိုနေတဲ့ငါ့မှာ

သူဝေး

750 Kyats ကျပ်
ငိုနေတဲ့ ငါ့မှာ ... တဲ့။ လွမ်းမြည့်စရာ အရေးအသားတွေနဲ့ ဆယ်ကျော်သက် လူငယ်ဘဝကို ပြန်တမ်းတရမယ့် ဇာတ်လမ်းပဲ။ အဖြူအစိမ်းဝတ် ကျောင်းသားဘဝရဲ့ အချိန်တွေကို ဆွတ်ပျံ့ဖွယ် ခံစားကြရမယ်။ လူတစ်ယောက်ကို မြတ်နိုးပေမယ့် ကိုယ့်အခြေအနေကိုယ်သိပြီး တစ်ဖက်သက်ချစ်နေရတဲ့ ခံစားချက်တွေကို ခံစားမိမယ်။ သူ့ကိုချစ်နေတာ ကိုယ်မှန်းအသိမခံဘဲ နောက်ကွယ်ကနေသူကြိုက်တာကို လိုက်လုပ်ပေးနေတဲ့ ခံစားချက်တွေရောပေါ့။ ပိုင်ဆိုတဲ့ ကောင်လေးနဲ့ ယဉ်ဆိုတဲ့ ကောင်မလေးတို့ရဲ့ အဖြစ်အပျက်တွေက ငယ်ငယ်က အတိတ်ဆီကို ဖြည်းဖြည်းချင်း ဆွဲခေါ်သွားပါလိမ့်မယ်။