လူထဲက လူ

သူရ(ထမံ)

200 Kyats ကျပ်
လူလူချင်း နှိမ်တဲ့လူတွေ၊ နှိပ်စက်ကြတဲ့လူတွေက တကယ်ကို ရွံဖို့ကောင်းပါတယ်။ အတ္တကြီး၊ အထက်စီးနိုင်တဲ့ စိတ်ဓာတ်တွေက တကယ်မကောင်းပါဘူး။ သိန်းလင်းလေးရဲ့ဘဝကလည်း ကံမကောင်း အကြောင်းမလှလို့ အဲဒီလိုလူတွေကြားထဲမှာ ကြီးပြင်းလာရတယ်။ သူတောင်သုံးနှစ်သားလေးနဲ့ ဒီလောက် ဒုက္ခတွေကို ခံရတာ သူ့အဖေနဲ့အမေတို့ဆိုရင် နှစ်တွေအများကြီး ဘယ်လောက်တောင် ခံစားလာရမလဲ။ ဒီဝတ္ထုကို ဖတ်နေရင်း ရွံဖို့ကောင်းတဲ့ လူတွေရဲ့ နှိပ်စက်မှုကိုခံနေရတဲ့ မိသားစုအတွက် ခံပြင်းနေပါလိမ့်မယ်။ ဝတ္ထုဇာတ်လမ်းနဲ့ စာဖတ်သူ တစ်သားထဲ ဖြစ်သွားတဲ့အထိ ဖတ်လို့ကောင်းတဲ့ စာအုပ်ပါပဲ။