နှစ်ပါးသွား Message

သိုးဆောင်း

1000 Kyats ကျပ်
တက္ကသိုလ်ကျောင်းတော်ကြီးမှာ ကျောင်းသားကျောင်းသူတွေရဲ့ ဝါသနာတူရာ စုဖွဲ့ထားကြတဲ့ အဖွဲ့ကလေးတွေ ရှိ တတ်ပါတယ်။ ကဗျာအဖွဲ့တို့၊ ဂီတအဖွဲ့တို့ စသည်ဖြင့်ပေါ့။ အဲဒီလို အဖွဲ့တွေနဲ့ မတူတဲ့ အဖွဲ့တစ်ဖွဲ့ကတော့ “ရင်ခုန်သံ” ဆိုတဲ့ အဖွဲ့ပါ။ “ရင်ခုန်သံ” ဆိုလို့ အောင်သွယ်တော်အဖွဲ့လို၊ ကျောင်းသူတွေအကြောင်း ဖောက်သည်ချလေ့ရှိတဲ့ အဖွဲ့လို အဖွဲ့မျိုးလည်း မဟုတ်ပြန်ပါဘူး။ ဒီအဖွဲ့က သူ့ဆီကို စာပေးပို့ရင်ဖွင့်လာတဲ့ ကျောင်းသားကျောင်းသူများရဲ့ ရင်ခုန်သံရှင်း တမ်းတွေကို အဖြေထုတ်ပေးတဲ့ အဖွဲ့လေးပါ။ ပိုပြီးထူးခြားတာက ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေဟာ ဘယ်သူတွေဆိုတာကို အဖွဲ့ဝင်အချင်းချင်းကလွဲလို့ ဘယ်သူမှ မသိကြပါဘူး။ တစ်နေ့မှာတော့ “ရင်ခုန်သံ” အဖွဲ့ဆီကို ကောင်မလေးတစ်ယောက်ဆီက စာတစ်စောင်ရောက်လာခဲ့ပါတယ်။ အဲဒီစာကတော့ … ။ ဇာတ်လမ်းလေးကဆန်းလို့ စာဖတ်ပရိတ်သတ်ကြီး သက်ဝင်ခံစားနိုင်အောင် ဒီလောက်ပဲပြောပါရစေ။ သိုးဆောင်းရဲ့ လက်ရာကိုသာ ဆက်လက်ဖတ်ရှု ကြည့်လိုက်ကြပါ။