ခြေဆယ့်တစ်လှမ်း အချစ်တောင်းခံလွှာ

သိုးဆောင်း

1000 Kyats ကျပ်
ပျဉ်ထောင်အိမ်လေးတစ်လုံးကနေ မခံနိုင်အောင် အပုပ်နံ့တွေ ထွက်လာလို့ အနီးအနားက လူတွေက ရပ်ကွက်လူကြီးတွေကို ခေါ်ပြီး သွားဖွင့်ကြည့်ကြတယ်။ အိမ်ထဲမှာ … အင်္ကျီအဝတ်အစားတွေအရ အမျိုးသမီးလို့ ထင်ရတဲ့ ပုံပျက်ပန်းပျက်နဲ့ ပုပ်သိုးရိလျော်နေတဲ့ လူသေအလောင်းတစ်လောင်းကို တွေ့ရတယ်။ နောက်ပြီး … သွက်သွက်ခါအောင် ရူးသွပ်နေတဲ့ ပန်းချီဆရာတစ်ယောက်နဲ့ သူရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်။ စဖတ်ကတည်း ဝေခွဲမရတဲ့ခံစားချက်ကို ပေးထားနိုင်တဲ့ ဇာတ်လမ်း။ ထူးထူးခြားခြား ဇာတ်လမ်းအသစ်အဆန်းကို ကြိုက်တယ်ဆိုရင် ဒီဝတ္ထုကို ဖတ်ကြည့်ပါဦးလို့ !