ဧဒင်မြို့က အပြေးသမား

သိုးဆောင်း

1000 Kyats ကျပ်
‘ဇ’ မရှိရင် လိုက်မရှာပါနဲ့တဲ့… တော်တော်ကို ရိတဲ့စကားဗျ။ အဲဒါကို ဘယ်သူတွေ ရေးထားခဲ့တယ်ထင်သလဲ။ မဟော်သွေးနဲ့လေပြေတို့နှစ်ယောက် ခိုးပြေးတုန်းကရေးခဲ့တာ။ သူများအတွဲတွေများ ခိုးပြေးတုန်းရေးရင် အသနားခံစာတွေ၊ တောင်းပန်စာတွေ၊ သနားစရာတွေ ရေးခဲ့တာကြီးပဲ မဟုတ်လား။ သူတို့အလှည့်ကျမှ ထူးထူးဆန်းဆန်းဗျာ။ နှစ်ယောက်စလုံး တစ်ပုံစံထဲရေးခဲ့တာ။ မိဘတွေ သဘောမတူလို့လားလို့မေးရင် ပိုထူးဆန်းတယ်။ မိဘတွေကလည်း သူတို့နှစ်ယောက်ကို ပေးစားဖို့စီစဉ်ပြီးသား။ ကတောက်ကဆတွေတော့ ရှိတာပေါ့လေ။ ဇာတ်လမ်းက အစမှာကတည်းက အဲဒီလိုစိတ်ဝင်စားဖို့ကောင်းနေတာ။ ရှေ့ဆက်ဖတ်ဖြစ်အောင် ဖတ်ကြည့်ဗျို့!