အပေအတေတစ်ယောက်ရဲ့ ကျောင်းဆင်းချိန်

သိုးဆောင်း

1000 Kyats ကျပ်
ဗေဒင်လို ရှေ့ဖြစ်ဟော အတတ်ပညာတွေကို မယုံကြည်ပါဘူးဆိုတဲ့ ရူပါလင်းဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ တိုက်ဆိုင်စွာပဲ တဲရော့ဖဲချပ်ကလေးတွေအပေါ် သက်ဝင်ယုံကြည်ပြီး ဘဝကို မြုပ်နှံထားတဲ့ ဖြိုးခေတ်ဆိုတဲ့ ကောင်လေးနဲ့ ဆုံစည်းပတ်သက်ဖို့ ဖြစ်လာပါတယ်။ ဖြိုးခေတ်ဟာ မိဘက ချမ်းသာကြွယ်ဝပြီး တစ်ဦးတည်းသော သားမို့ မိဘခြေရာနင်းတဲ့ အမွေဆက်ခံသူ ဖြစ်စေချင်ပေမယ့် ကိုယ်ယုံကြည်ရာလမ်းအတွက် မိဘအရိပ်အာဝါသကိုတောင် စွန့်လွှတ်လျှောက်လမ်းခဲ့သူ ပါ။ ရူပါလင်းကလည်း ကိုယ့်စိတ်ခံယူချက်ကိုသာ ခေါင်းမာမာနဲ့ ဆွဲကိုင်ထားတဲ့ ကောင်မလေးနှစ်ယောက်မို့ သူတို့နှစ်ယောက် ရဲ့ ပတ်သက်ဆက်နွယ်မှုဟာ သူတို့ဘဝတွေအတွက် ဘယ်လို အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းတစ်ပုဒ်လို့ ထင်စရာရှိပေမယ့် စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ ဒီဇာတ်လမ်းမှာ စာဖတ်သူအတွက် အတွေးဆန်းဆန်းလေးတွေကိုလည်း ပေးစွမ်းနိုင်ပါလိမ့်မယ်။