သခင်ကိုယ်တော်မှိုင်းအမည်ခံ ဆရာလွန်း အတ္ထုပ္ပတ္တိ

သိန်းဖေမြင့်

900 Kyats ကျပ်
ဆရာကြီး ဦးလွန်းသည်ကား ကျွန်ုပ်တို့အား စာဖတ်ဝါသနာပါအောင် ဖန်တီးပြုပြင်ပေးသော ပုဂ္ဂိုလ်ကြီး ဖြစ်သဖြင့် အမျိုးမျိုးသော ဗဟုသုတ ပညာနို့ချို တိုက်ကျွေးသော မိခင်ကြီးလည်း ဖြစ်ပေသည်။ ထိုမျှမကသေး၊ ကျွန်ုပ်တို့ ကိုယ်ခန္ဓာအတွင်း၌ မသိမသာ ကိန်းအောင်းလျက် ရှိနေသော တိုင်းချစ်စိတ် - မျိုးချစ်စိတ်တည်းဟူသော မျိုးစေ့ကလေးကို ကြီးပွားရင့်သန် ဝေဆာစည်ကားအောင် ပျိုးထောင်ပြုစုပေးသော ကျေးဇူးရှင် ဥယျာဉ်မှူးကြီးလည်း ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်ကြီး ရေးသားထားသော စာအုပ်စာတမ်း ဆောင်းပါးကဗျာ စာပေတို့သည် မျိုးချစ်စိတ်ကို လှုံ့ဆော် တက်ကြွစေသော စကားများ အမြောက်အမြား ပါဝင်ခဲ့ပေရာ ယခုအခါ တက်ကြွနေသော အချို့ တက်လူများ၏ မျိုးချစ်စိတ်ဓာတ်သည် ဆရာကြီး ဦးလွန်း၏ စာပေအရေးအသားတို့ကြောင့် ဖြစ်သည် ဟူ၍ ဆိုပါသော် များစွာ လွဲမှားလိမ့်မည် မထင်ပေ။