စီးဆင်းနေသော ဧရာဝတီနှင့် ဝတ္ထုတို စုစည်းမှု

သိန်းစိန်ထွန်း

800 Kyats ကျပ်
ကျွန်တော်တို့ရဲ့ သမ္မတဟောင်းကြီး ဦးသိန်းစိန်ရဲ့ တစ်ချိန်က စာပေလက်ရာ ဝတ္ထုတိုတွေကို စုစည်းပြီး မြဝတီစာပေတိုက်ကနေ ထုတ်ဝေခဲ့တဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်လေး ဖြစ်ပါတယ်။ သိန်းစိန်ထွန်း ကလောင်နာမည်နဲ့ မဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ စာမူ ဝတ္ထုတိုလေးတွေက ဘယ်လို ရသတွေနဲ့ စာဖတ်သူတွေကို ဖမ်းစားနိုင်မလဲ။ ဒီစာအုပ်ထဲမှာ တပ်မတော်သားဘဝ နောက်ခံပြုရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတွေအပြင် ဘဝသရုပ်ဖော် ရသဝတ္ထုတိုလေးတွေလည်း ပါဝင်ပါတယ်ခင်ဗျ။ စီးဆင်းနေသော ဧရာဝတီ၊ အိပ်မက်မှ လန့်နိုးခြင်း၊ သောကနွေ၊ နှစ်ဆယ်ရာစုမိန်းကလေး၊ မေတ္တာပုလဲလုံးကလေးများ၊ နေကြာအမြတ်နှင့် လက်ထပ်မယ်၊ ငြိမ်းချမ်းပါစေ ရွှေဖီမြေ … စတဲ့ ဝတ္ထုတိုလေးတွေ ပါဝင်တဲ့ ဒီစာအုပ်လေးက စာချစ်သူတို့အတွက် ရသအမျိုးမျိုး ပေးစွမ်းနိုင်မှာ သေချာပါတယ်နော်။