ခုနစ်စဉ်ကြယ်ပြောင်အမြီးထောင်

သိင်္ခသူ

600 Kyats ကျပ်
ဆင်ရုပ်ကလေးထဲက စိန်ကြီးခုနစ်လုံးကို ရှာဖွေကြရာကနေ ဖြစ်ပွားခဲ့တဲ့ အချစ်၊ အကြမ်း၊ အလွမ်း၊ အဆွေး၊ စွန့်စားခန်းမျိုးစုံ ထုံမွှမ်းနေတဲ့ ဂမ္ဘီရဆန်ဆန် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ လူ့အသက်သေစေတဲ့အထိ လောဘရမ္မက်တွေ ဖုံးလွှမ်းမိုက်မဲစေတဲ့ စိန်ကြီး ခုနစ်လုံးကို လူရဲနဲ့ ခင်မြကြည်တို့ ဘယ်လို ရှာဖွေတွေ့ရှိခဲ့ကြသလဲ။ တရုတ်ကြီးဝိန်စံနဲ့ ဒေါ်နှင်းမြိုင်တို့အကြားက အာဃာတတရား၊ လူရဲကို ယောက်ျားကောင်းတစ်ယောက် ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့ပြီး ရန်သူတော်ကြီး ဒေါ်နှင်းမြိုင်ကို ကလဲ့စားချေခိုင်းခဲ့ပေမဲ့ ဒေါ်နှင်းမြိုင်နဲ့ လူရဲတို့ ဘယ်လို သဘောထားတွေ ပြောင်းလဲခဲ့ကြမလဲ။ ရင်သိမ့်တုန် စွန့်စားခန်းတွေနဲ့အတူ လူ့ဘဝဇာတ်ခုံပေါ်က လူသားတွေရဲ့ အငြိုးအတေး၊ အမုန်း၊ အာဃာတ၊ လောဘ ရမ္မက်တွေကို ဇာတ်အိမ်ခိုင်ခိုင် အကြောင်းအရာကောင်းကောင်းနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဝတ္ထုရှည်တစ်ပုဒ် ဖြစ်ပါတယ်။