အမှောင်ယံထဲက သွေးနှင်းဆီ

သဉ်ဇာမိုးဦး

600 Kyats ကျပ်
ကိုးသည် နှင်းဆီပန်းလေးတွေကို ရေလောင်းပြီး တစ်ပွင့်ချင်းစီ လက်နှင့် ထိတွေ့ ကိုင်တွယ်ပြီး ပြုံးနေမိသည်။ နှင်းဆီ၏ ဆူးနှင့် ထိမိပြီး သူမ လက်ညှိုးထိပ်မှ စူးခနဲ နာကျင်သွားကာ သွေးတို့ စိမ့်ထွက်လာသည်။ ထိုသွေးတို့ နှင်းဆီနီ တစ်ပွင့်ပေါ်အကျ နှင်းဆီပန်းပွင့်မှာ နဂိုထက်ပင် ပိုပြီးရဲစိုကာ ဖူးကြွပြီး ပွင့်လန်း လာသည်။ "ဟိန်း နင်မရှိတာ တစ်နှစ် ပြည့်ပြီနော်။ ငါ နင့်ကို တစ်စက္ကန့်မှ မမေ့ခဲ့ဘူး ဆိုတာ နင်သိရဲ့လား။ အထူးသဖြင့် ဒီနှင်းဆီတွေကို မြင်ရင် ပိုသတိရတယ်ဟာ။ အဟင်း … နင်လည်း ငါ့ကို မေ့လို့ရမယ် မထင်ပါဘူး ... ခစ် ခစ်" ကိုး ခပ်တိုးတိုး ရယ်နေတုန်း လေခပ်ပြင်းပြင်း တစ်ချက် တိုက်ခတ်သွားသည်။ ကိုးသည် ခြံထဲကို ဝေ့ကြည့်ရင်း ပြုံးမိသည်။ နှင်းဆီတွေကို စူးစိုက်ပြီး ကြည့်နေရင်း ပြုံးနေမိသည်။ သူမကို ကြည့်နေသည့် ဘေးက အရိပ်တစ်ခုကိုတော့ သတိမထားမိခဲ့။