သမိုင်းဆိုတာ နိုင်သူရေးစတမ်း

သရဝဏ်(ပြည်)

800 Kyats ကျပ်
...ဤကမ္ဘာလောကကြီး၌ မဆီလျော်သော မေးခွန်းဟူ၍မရှိ။ မဆီလျော်သော အဖြေသာရှိ သည် (There are no stupid questions but there are only stupid answers) ဟူသော ဆိုရိုးတစ်ခုလည်း ရှိ၏။ ထိုစကားပုံအရ မမေးအပ်သောမေးခွန်း၊ အူကြောင်ကြောင်နိုင်သော မေးခွန်းဆိုတာမရှိ။ သိ ချင်သမျှ မေးကြရမည်ဖြစ်ပြီး မရေရာသောအဖြေ၊ အူကြောင်ကြောင်နိုင်သောအဖြေ (Stupid answers) ဆိုသည်သာ ရှိသည်ဟု ဆိုထားပေသည်။ ထိုစကား၏ လိုရင်းမှာ ဟုတ်ပါ့ဟုတ်ပါ့မလား ဟု မပြောရဲမမေးရဲမရှိအောင် လူတို့၏ (အထူးသဖြင့် လူငယ်များ၏) သိလိုစိတ်ကို အားပေးတိုက် တွန်းသော စကားဖြစ်ပါသည်။ လူငယ်တွေ သိချင်တာရှိပါက မေးရဲမြန်းရဲ၊ စကားပြောရဲအောင် လမ်းဖွင့်ပေးသော စကားဖြစ်ပါသည်။ ပညာသင်ခြင်း၏ ရည်ရွယ်ချက်မှာ မသိသေးသည်ကို သိလာပြီးအကျိုးအကြောင်း အဆိုး အကောင်းကို မိမိစဉ်းစားဆင်ခြင်ဉာဏ်ဖြင့် ဆုံးဖြတ်နိုင်စေသော အရည်အသွေးရှိလာစေရန်ဖြစ် သည်။ ထိုအချက်မှာ ပညာသင်ကြားရေး၏ အဓိကအချက် ဖြစ်သင့်ပါသည်။ မြန်မာ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာတွင် သွားရောက်ပညာသင်ကြားကြသော အခါ နိုင်ငံတကာမှ ဆရာများက မှတ်ချက်ပြုကြသည်မှာ မြန်မာများသည် ဉာဏ်ရည်ဉာဏ်သွေး မနိမ့်ကျသော်လည်း မေးခွန်းမေးခိုင်းသောအခါ မည်သူကမျှ မေးမြန်းတတ်ခြင်းမရှိဘဲ တုံဏိဘာဝေ နှုတ်ပိတ်နေကြသော ထူးဆန်းသည့် အလေ့ရှိကြောင်း ဖြစ်သည်။