ချစ်ခြင်းမေတ္တာ အကြောင်း

သရဝဏ်(ပြည်)

600 Kyats ကျပ်
မြစ်ဧရာရဲ့ ကမ်းနဖူးက ပြည်မြို့ တက္ကသိုလ်ကျောင်းသားလေးဟာ သူ့ရဲ့တဒင်္ဂအတွေ့မှာ စွဲငြိစေခဲ့သူကို နေ့ရက် တွေအလီလီ လိုက်ရှာနေခဲ့ရပါတယ်။ ရှာဖွေရန်ခက်ပါဘိလို့ ရင်နင့်အောင် ညည်းဆိုရင်းနဲ့ပဲ ပျောက်သောသူကြာလျှင်တွေ့ ဆိုတဲ့အတိုင်း ပြန်ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမယ့် မြကြောစိမ်းစိမ်း ရှိန်းရှိန်းစိုအလှတရားအောက် သူထင်မှတ်မထားတဲ့ ပဟေဋ္ဌိ တို့ကို ကြုံဆုံလိုက်ရတဲ့ အချိန်မှာ ချစ်ခြင်းမေတ္တာအကြောင်း ဖွဲ့ညွှန်းဆိုခက်ရပြန်ပါရော။ ဒါဟာ ဆရာသရဝဏ်(ပြည်)က သူ့ရဲ့ ချစ်ခြင်းမေတ္တာအကြောင်း ဖော်ညွှန်းမှုမှာ ဖွက်ထားတဲ့ ဇာတ်ကွက်တစ်ခုပါပဲ။ ဒီဇာတ်လမ်းဟာ ချစ်သူပျောက်ကို လိုက်လို့ရှာရင်း ချစ်ခြင်းမေတ္တာရဲ့ နက်ရှိုင်းမှုနဲ့ ကြုံတွေ့လိုက်ရတဲ့ ချစ်တတ်သူ တစ်ယောက်အကြောင်းပါ။