အသံုးခ်ရူပသွ်တၱရပညာ

သန်းဝင်းလှိုင်

900 Kyats ကျပ်
ကျွန်ုပ်တို့သည် အခြားသူတို့၏ စိတ်ကို မမြင်တွေ့နိုင်ပေ။ ကျွန်ုတို့ ပေါ် ထားရှိသောသူတို့၏ ရည်ရွယ်ချက်ကိုလည်း မသိနိုင်ပေ။ သူတို့၏ အပြုအမူအရသာ သိရှိနိုင်လေသည်။ လူသားများသည် တစ်ဦးနှင့်တစ်ဦး မိမိအကျိုးစီးပွားအတွက် “မချစ်သော်လည်း အောင့်ကာနမ်း”ဆိုသကဲ့သို့ ဟန်ဆောင် ပေါင်းသင်းတတ်ကြလေသည်။ သူတို့၏ စစ်မှန်သော ခံစားမှုများနှင့် စိတ်ဆန္ဒများကို ကြောင်လက်သည်းဝှက်ထားသကဲ့သို့ ဖုံးကွယ်ထားတတ်ကြသည်။ တစ်ခါတစ်ရံ သူ၏အတွင်းကိစ္စများကို သူတို့ချစ်ခင်သော ညီအစ်ကို မောင်နှမ၊ မိတ်ဆွေများကိုပင် အမှန်အတိုင်း ဖွင့်ဟ မပြောပြတတ်ကြပေ။ ဤသို့ သော အခြေအနေတွင် မျက်နှာကို ကြည့်ရုံမျှဖြင့် မိမိနှင့်ဆက်ဆံနေရသူတို့၏ စိတ်ကို သိရှိနိုင်သည်ဟုဆိုသော ပညာကို လူအများ နှစ်သက်သဘောကျသည်မှာ မထူးဆန်းလှပေ။ ခန္ဓာကိုယ်ပေါ်တွင် ရှိသည့်အမှတ်အသားများကို အခြေခံရသဖြင့် လွဲမှားသွားမှုလည်း ရှိလာနိုင်လိမ့်မည်မဟုတ်ပေ။ ဤအတွက်ကြောင့် ရူပသျှတ္တရ (၀ါ) အင်္ဂါရုပ်ဖတ်ပညာကို လူကြိုက်များခဲ့ခြင်း ဖြစ်ပေသည်။ အသုံးချ ရူပသျှတ္တရ ပညာ သန်းဝင်းလှိုင်