ချစ်ကြိုးဖွဲ့သီ

သန်းမြင့်အောင်

600 Kyats ကျပ်
အကြောင်းကြောင်းကြောင့် ငယ်ချစ်ဦးဖြစ်သူ ကိုအောင်နိုင်နှင့် ခွဲခဲ့ရပေမဲ့ သူမတွင် သူနှင့်ရသည့် ကိုယ်ဝန်ပါလာခဲ့သည်။ မီးဖွားပြီးနောက် ကလေးသေဆုံးသွားသည်ဟု သူမ သိခဲ့ရသည်။ ထို့နောက် မိဘပေးစားသည့်သူ ကိုကျော်ဝေ နှင့် အိမ်ထောင်ကျပြီး ချစ်စရာ သားလေးတစ်ယောက် ရရှိခဲ့ပြန်သည်။ လောကဓံတရား၏ အလှည့်အပြောင်းက သူမထံမှ ကိုကျော်ဝေကို ခွဲထုတ်ယူသွားပြန်သည်။ ထို့နောက် ငယ်ချစ်ဦး ကိုအောင်နိုင်နှင့် ပြန်လည်တွေ့ဆုံခဲ့ပြန်သည်။ သားနှင့် ငယ်ချစ်ဦးကြား မိခင်မေတ္တာကိုသာ ပြသဖို့ကြိုးစားနေခဲ့သည့် သူမ....တဖန် သူမနှင့်ကိုအောင်နိုင် ရခဲ့သည့် ကလေးမှာ သက်ရှိထင်ရှားရှိနေသည်ကို သိသွားသောအခါ... ချစ်ကြိုးဖွဲ့သီ သန်းမြင့်အောင်