ဗိုလ်ချုပ်မှူးကြီး စောမောင်

သန်းဝင်းလှိုင်

900 Kyats ကျပ်
ဒီစာအုပ်ထဲမှာ နိုင်ငံတော် အာဏာကို သိမ်းပိုက်ဖို့ သုံးကြိမ်တိုင် ကြိုးပမ်းခဲ့သူ စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းရဲ့ လုပ်ရပ်တွေနဲ့ နိုင်ငံတော်အာဏာ သိမ်းပိုက်ပြီးနောက်ပိုင်း စစ်အစိုးရရဲ့ လှုပ်ရှားမှု ပုံရိပ်တွေ၊ ပြီးတော့ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို စစ်အင်အားနဲ့ ရက်စက်စွာ ဖြိုခွင်းပြီးနောက် နိုင်ငံတော်တစ်ဝန်းလုံး အဘက်ဘက်မှ ယိုယွင်းနေတဲ့ အခြေအနေကို အချိန်မီထိန်းသိမ်းလိုက်တယ်လို့ ဆိုပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီမှာ ကြေညာခဲ့တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ စီမံချက်နှင့် လုပ်ရပ်တွေ၊ မြန်မာနိုင်ငံကို ကျွန်တော် ကယ်တင်ခဲ့သည် ဆိုတဲ့ ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ အင်တာဗျူးနှင့် ယင်းအပေါ် စာရေးသူ သန်းဝင်းလှိုင်၏ အမြင် သုံးသပ်ချက်များတွေကို ပြည့်ပြည့်စုံစုံ ဖတ်ရှုရပါလိမ့်မယ်။