စိတ်ကူးကောင်းများကို ကျောင်းထားပေးခြင်း

သန်းစိုးနိုင်

600 Kyats ကျပ်
ပညာကို အလေးထားမှု နိုးကြွလာတဲ့ ယနေ့ခေတ်ကြီးမှာ ပညာရှာမှီးမှုရဲ့ ထိုက်တန်သော ရလဒ်ရရှိနိုင်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပညာကို လေ့လာရုံနဲ့ ပညာရဲ့စွမ်းအားကို ရရှိနိုင်ပါ့မလား၊ မဟုတ်ပါဘူး။ ပညာကို ဘယ်ပုံစံ ဘယ်စနစ်နဲ့ လေ့လာသင်ယူမှု ပြုတယ်ဆိုတာကသာ ပညာရဲ့စွမ်းအားကို ရရှိဖို့အတွက် အဓိကကျပါတယ်။ ကမ္ဘာမှာ ပညာရှင်ကြီးမျာစွာ ပေါ်ထွက်ခဲ့ပါတယ်။ ဒီပညာရှင်ကြီးတွေဟာ ဘယ်ပုံဘယ်နည်း ပညာရှင်ကြီးတွေ ဖြစ်လာတယ်၊ ဘယ်ပုံဘယ်နည်းနဲ့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို အခြေခံပေါက်ဖွားစေခဲ့တယ် ဆိုတာကို ရာစုနှစ်များစွာ အဖြေရှာ လေ့လာခဲ့ကြပါတယ်။ ပညာရပ်ဆိုတာဟာ စိတ်ကူးစိတ်သန်းတွေ၊ အတွေးအမြင်သစ်တွေကို ပေးစွမ်းနိုင်မှ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေတယ်ဆိုတာကို ယနေ့ပညာခေတ်မှာ ကောင်းကောင်း နားလည်သဘောပေါက်နေကြပါပြီ။ ဒါပေမယ့် ဒီစိတ်ကူးစိတ်သန်း အတွေးအမြင်သစ်တွေ လင်းပွင့်လာစေမယ့် အရာ၊ ပညာရှင်တွေရဲ့ တီထွင်ဖန်တီးမှု စွမ်းရည်တွေကို ပွင့်ထွက်လာစေမယ့် အရာဟာ ဘယ်အပေါ်မှာ အခြေခံတယ်ဆိုတဲ့ မေးခွန်းရဲ့နောက်ကို လိုက်နေကြရတုန်းပါ။ ဒီစာအုပ်မှာတော့ ယနေ့ပညာ ခေတ်အတွက် ထိုမေးခွန်းရဲ့အဖြေနောက် အကောင်းဆုံး ခြေရာကောက်ထားတာကို လေ့လာနိုင်မှာပါ။