တစ္ဆေတစ်ကောင်ရဲ့ ညစာ

သတိုးတဇေ

800 Kyats ကျပ်
ဆရာမင်းခိုက်စိုးစန်ရဲ့ ကလောင်ခွဲဖြစ်တဲ့ သတိုးတေဇရဲ့ သည်းထိတ်ရင်ဖို ပရလောကနောက်ခံ ဝတ္ထုရှည်တစ်ပုဒ်။ ဒီစာအုပ်က ပင်ကိုရေး စစ်စစ်ကြီးတော့ မဟုတ်ပါဘူး။ R.L.Stine ရဲ့ ထိတ်လန့်ချောက်ချားစရာ ဝတ္ထုကို မှီငြမ်းပြီး မြန်မာမှုပြုလို့ ပြန်ရေးသားထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဆရာသတိုးတေဇဟာ ပင်ကိုရေး ရေးနိုင်လျက်နဲ့ ဘာလို့ မှီငြမ်းရေးခဲ့တာလဲလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့။ ဒီစာအုပ်ရဲ့ အမှာစာမှာ စီစဉ်သူကလည်း ဒီအတိုင်းပဲ မေးခဲ့တော့ ဆရာက 'ဒီဇာတ်လမ်းဟာ ဖတ်ဖူးနေကျ တစ္ဆေသရဲဇာတ်လမ်းမျိုးနဲ့ မတူဘူး။ ထူးထူးခြားခြား ကွဲထွက်နေတာမို့ပါ' လို့ ပြန်ဖြေထားခဲ့ပါတယ်။ စာချစ်သူတို့မှာ Thriller လို့ခေါ်တဲ့ ဇာတ်လမ်းမျိုးကိုမှ ဖတ်ဖူးနေကျပုံစံထဲက ကွဲထွက်ပြီး ထူးထူးကဲကဲ အရသာမျိုးနဲပ ဖတ်ချင်သူတွေ ရှိရင် ဒီစာအုပ်လေးကို ဖတ်ကြည့်ဖို့ လက်တို့လိုက်ပါတယ်ခင်ဗျ။