စွဲလမ်းခြင်း ခရီးသည်

သတိုးတဇေ

800 Kyats ကျပ်
စွယ်စုံစိုးနဲ့ ဝတ်မှုန်တို့က ချစ်သူတွေ။ ဒဂုံတက္ကသိုလ်မှာ တစ်ကျောင်းတည်း တက်ရင်း ချစ်သူတွေအဖြစ် အမှတ်မထင် ရောက်ရှိသွားခဲ့တဲ့ အတွဲပေါ့။ ဒါပေမဲ့ သူတို့စုံတွဲရဲ့ အချစ်ရေးက အဆင်မပြေပါဘူး။ စိတ်သဘောထား မတိုက်ဆိုင်တာတွေကလည်း အချစ်ရေးကို အနှောက်အယှက် ဖြစ်စေတယ်လေ။ စွယ်စုံစိုးရဲ့ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်တဲ့ အကျင့်ကို ဝတ်မှုန် နည်းနည်းမှ မကြိုက်ဘူး။ ဒါပေမဲ့ စွယ်စုံစိုးကလည်း မပြင်ဆင်ဘူး။ အဲဒီနေ့ ကျောင်းက အပြန်မှာ သူတို့နှစ်ယောက် စကားများပြီး လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီ ဆုံးဖြတ်ချက်ကပဲ ဒီဇာတ်လမ်းလေးကို ချောက်ချားစရာတွေ ဖြစ်လာစေခဲ့တာပါပဲ။