ကာမနှင့်ယှဉ်သော လူသတ်မှုများ

သတင်းထောက်ဝင်းမြင့်ကြီး

600 Kyats ကျပ်
ဒီစာအုပ် ဖတ်မယ်ဆိုရင်တော့ နည်းနည်း စိတ်ထိန်းဖတ်ဖို့ လိုပါလိမ့်မယ်။ အံကြိတ်ရမယ်။ ဒေါသထွက်ရမယ်။ လူတစ်ယောက်ရဲ့ စိတ် အမှောင်ဘက်ခြမ်းကို မျက်ဝါးထင်ထင် မြင်ရတဲ့အခါ ထိတ်လန့် ခြောက်ခြားမိမှာပါ။ မြန်မာပြည်မှာ မှတ်တမ်းဝင် မှုခင်းတွေ အများကြီး ဖြစ်ခဲ့ဖူးပါတယ်။ ဒီအထဲမှာမှာ သတင်းထောက်ဝင်းမြင့်ကြီး စုစည်း တင်ထားတဲ့ မှုခင်းတွေကတော့ ကာမနဲ့ယှဉ်တဲ့ လူသတ်မှုတွေပါပဲ။ တကယ့်အဖြစ်အပျက် တကယ့် မှုခင်းတွေအပေါ် စုံထောက်စစ်ဆေးမှု၊ ဥပဒေတရားခွင်မှာ သက်သေရဲ့ ထွက်ဆိုချက်တွေနဲ့ တရားသူကြီးတွေရဲ့ အမြင်၊ စီရင်ချက်နဲ့ ဖြတ်ထုံးတွေ အစုံအလင်ကို ကျကျနန ဖတ်ရှုလေ့လာနိုင်မှာပါ။ ဒါကြောင့် ဒီစာအုပ်ဟာ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ လျှို့ဝှက်သည်းဖို စုံထောက်ဝတ္ထု ဝါသနာသူတွေသာမက ဖြစ်ရပ်မှန် မှုခင်းတွေကို လေ့လာလိုသူတွေ အတွက်ရော ရဲအရာရှိနဲ့ ရဲအမှုထမ်းတွေပါမကျန် ဖတ်ရှုသင့်တဲ့အပြင် ဥပဒေသင်တန်းသားနဲ့ ရှေ့နေနယ်ပယ်ထဲက လူတိုင်း လေ့လာသင့်တဲ့ စာအုပ်ပဲဖြစ်တယ် လို့ ညွှန်းဆိုပါရစေ။