သေမင်းတမန်မီးရထားလမ်းမှသည် နေဝင်ချိန်ဆည်းဆာသို့

သစ္စာ(ညောင်ကျိုး)

600 Kyats ကျပ်
သေမင်းတမန် မီးရထားလမ်း ဆိုရင် အားလုံး ရင်းနှီးကြမယ် ထင်ပါတယ်။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ရှိပါတယ်။ ငယ်ငယ်တုန်းကလည်း ကျောင်းစာမှာ သင်ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ အပြည့်အစုံတော့ မဟုတ်ပါဘူး။ ဒီ စာအုပ်ထဲမှာတော့ သေမင်းတမန် မီးရထားလမ်းအကြောင်း အပြင် သူနဲ့ ဆက်စပ်တဲ့ အခြား အရာတွေကိုပါ သိခွင့်ရမှာပါ။ စာဖတ်သူကို စိတ်ဝင်စားမှု တိုးစေတယ်။ ဖတ်ရတာ မခက်ဘူး။ အချက်အလက်တွေချည်း ပြွတ်သိပ် ထည့်ထားတာ မဟုတ်လို့ ဖတ်ရတာ ပျင်းစရာ မကောင်းဘဲ၊ ခရီးသွား ဆောင်းပါးပုံစံ ရေးသားထားတာကြောင့် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ သေမင်းတမန် မီးရထားလမ်းကို ဖောက်လုပ်ဖို့ ဂျပန်တွေရဲ့ အတင်းအဓမ္မ ချွေးတပ်ဆွဲမှုကြောင့် လူပေါင်း လေးထောင်နီးပါး သေဆုံးခဲ့ကြတယ်။ ဒီ မီးရထား လမ်းအကြောင်းအပြင် သူနဲ့ ဆက်စပ်နေတဲ့ ဓနသဟာယသင်္ချိုင်း၊ ရေပူစမ်း၊ ရာပြည့်ဇရပ် စတာတွေကိုလည်း မြင်ရမှာပါ။ ပြီးတော့ စာရေးသူက မြန်မာ့မီးရထား အမှုထမ်းတဦး ဖြစ်တဲ့အတိုင်း သူကြုံခဲ့ရတဲ့ မီးရထားလမ်းနဲ့ ပတ်သက်တဲ့ သည်းထိတ်ရင်ဖို အဖြစ်အပျက်တွေကိုပါ သိရှိခွင့် ရဦးမှာပါခင်ဗျ။