ကိုယ့်ဘဝလေးထဲမှာ မင်းရှိနေစေချင်တယ်

သင်မြတ်နိုး

800 Kyats ကျပ်
ချွတ်ချွတ်ချော က အရမ်းလှတယ်။ သူက ကိုယ်ခံပညာကျွမ်းသလို ယောက်ျားလေးလိုပဲနေတတ်တယ်။ သူ့ဆရာရဲ့ တောင်းဆိုမှုကြောင့် မိုးသက်တင် ဆိုတဲ့လူဆီမှာ ကိုယ်ရံတော် တဖြစ်လည်း ဟန်ဆောင်ချစ်သူအဖြစ် အလုပ်လုပ်ရတယ်။ ဒါပေမဲ့ မိုးသက်တင်မှာ ယုန်ကလေးဆိုတဲ့ တိတ်တိတ်ပုန်း ချစ်သူရှိနေတယ်။ ယုန်ကလေးက မိုးသက်တင်ရဲ့ အတွင်းရေးမှူးဆိုရင်လည်းမမှားဘူး။ လင်မယားအဆင့်ဆိုရင်လည်း မမှားပါဘူး။ ယုန်ကလေးကို မျိုးရိုးမကောင်းလို့ဆိုပြီး မိုးသက်တင်အမေက သဘောမကျဘူး။ တကယ်လည်း ယုန်ကလေးရဲ့ မိသားစုက စိတ်ထားမကောင်းသလို ဒုစရိုက်အလုပ်တွေလုပ်လေ့ရှိပါတယ်။ အဲဒီမှာ ချွတ်ချွတ်ကို မိုးသက်တင် အမေက ချွေးမအဖြစ် အရမ်းသဘောကျသွားတဲ့အခါ… ချွတ်ချွတ်နဲ့ မိုးသက်တင်တို့ အနေနီးစပ်လာပြီး အချစ်တွေ ပေါက်ဖွားလာမလား? ယုန်ကလေးကရော မိုးသက်တင်ကို ပိုင်ဆိုင်ခွင့်ရဖို့ ဘယ်လို မလုပ်သင့်တဲ့အရာတွေကို လုပ်မလဲ? ဆိုတာ ဝတ္ထုထဲမှာ ခံစားကြည့်ကြပါဦး။