ချစ်ခြင်းမေတ္တာအကြောင်း သင်ကြားပေးမယ်

သင်းသင်းသာ

600 Kyats ကျပ်
ဆွဲဆောင်နိုင်တဲ့ ပထမဆုံးဝတ္ထုတိုအမည်က "ညနဲ့ရန်ဖြစ်ခြင်း" တဲ့။ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘတွေ ကြား သားတစ်ယောက်ရဲ့ ခပ်ငယ်ကနေ တစ်စတစ်စ အရွယ်ရွယ်ရောက်ချိန်အထိ ခံစားရမှုကို အနုပညာမြောက်မြောက် ရေးဖွဲ့ ထားတာပါ။ ညက်ညောတဲ့ စကားလုံးဖွဲ့နွဲ့မှု၊ တိုတိုနဲ့ထိမိတဲ့ ဝါကျတည်ဆောက်မှု၊ ပါးပါးလျလျ လေးသာရှိရုံ ဇာတ်ကွက် ချိတ်ဆက်ကူးပြောင်းမှု စတာတွေက ဒီဇာတ်လမ်းအတွက် အံ့သြဖွယ်ရသတစ်ခုကို ပေးစွမ်းပါတယ်။ ဖတ်နေရင်းနဲ့ ဝါကျတွေ ထဲက စကားလုံးဖွဲ့ပုံပြောင်းသွားတာကိုတောင် သတိမထားမိနိုင်လောက်အောင် စီးမျောစေတယ်ဆိုရင်လည်း မလွန်ပါဘူး။ ဇာတ်လမ်းအဆုံးက "ညသည် ကျွန်တော်အား ကြောက်လန့်သွားပြီ …."ဆို တဲ့ စာကြောင်းကို ဖတ်အပြီးမှာတော့ သက်ပြင်း တစ်ချက်ကို ရှိုက်မိကြမှာပါ။ ဒီဝတ္ထုလေးတစ်ပုဒ်ကို ညွှန်းရုံနဲ့တင် တစ်အုပ်လုံးစာအတွက် လုံလောက်ကြောင်း လက်တွေ့ သိစေဖို့ စာဖတ်သူတို့ကိုယ်တိုင် ဖတ်ရှုကြည့်စေချင်ပါတယ်။