နူးညံ့စိတ်ထား နှလုံးသား

သင့်လူ

900 Kyats ကျပ်
Jan-Philipp Sendker ရေးခဲ့တဲ့ The Art of Hearing Heartbeats (နားစွင့်ကြားဟန် ရင်ခုန်သံ) ရဲ့ အဆက် ဖြစ်တဲ့ A Well-Tempered Heart ကို နူးညံ့စိတ်ထား နှလုံးသား ဆိုတဲ့ အမည်နဲ့ ဆရာသင့်လူက မြန်မာဘာသာပြန်ထားတဲ့ စာအုပ်တစ်အုပ်။ နားစွင့်ကြားဟန် ရင်ခုန်သံကို ဖတ်ပြီးတဲ့ စာဖတ်သူတွေအတွက် နူးညံ့စိတ်ထားနှလုံးသားက မဖတ်မဖြစ် ဆက်ဖတ်ချင်နေတဲ့ စာအုပ်ပါပဲ။ အဓိကဇာတ်ကောင် ဂျူလီယာဝင်း မြန်မာပြည်ကနေ ပြန်ရောက်လာပြီးနောက်မှာ သူ့ရဲ့ ဘဝ ခက်ခဲကြမ်းတမ်းပုံတွေ၊ နုနု၊ မောင်စိန်၊ သားသား၊ ဘိုဘို စတဲ့ ဇာတ်ကောင်တွေနဲ့ မပြီးသေးတဲ့ ဇာတ်လမ်းကို ဖတ်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နောက်ခံထားပြီး ရေးထားတဲ့ ဒီစာအုပ်ကို နိုင်ငံပေါင်း (၃ဝ) မှာ ဘာသာပြန်ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ကဲ ... ဖတ်ကြည့်ပါ စာချစ်သူတို့ရေ။