ကြောင်ကို ချူဆွဲကြသူများ

သင့်လူ

900 Kyats ကျပ်
ဝန်ဇင်းရဲ့ ပရိသတ်တွေထဲမှာ ဆေးပညာကို စိတ်ဝင်စားတဲ့သူတွေ ရှိကြလားဗျာ။ ရှိကြရင်ရော ဒီစာအုပ်လေးကို ဖတ်ဖူးကြမလား။ ခေါင်းစဉ်လေးကိုက စိတ်ဝင်စားစရာလေး၊ ကြောင်ကိုခြူဆွဲကြသူများတဲ့။ ဒီစာအုပ်က တကယ်တော့ Public Health လို့ခေါ်တဲ့ ပြည်သူ့ကျန်းမာရေး မိတ်ဆက်စာအုပ်ပါ။ ပြည်သူ့ကျန်းမာရေးဆိုတာဘာလဲ။ ပြည်သူလူထုတွေကြားထဲမှာ ကျန်းမာရေးပညာပေးလုပ်ငန်းတွေ လုပ်နေကြတာ၊ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နေကြတာ။ အဲဒါ ပြည်သူ့ကျန်းမာရေးပါ။ ဒီထဲမှာ အထွေအထွေ နဲ့ အထူးကုဆရာဝန်တွေ၊ သွားဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အများကြီးပါပါတယ်။ ဟာ … ကိုယ်မသိတဲ့ ဆေးပညာနဲ့ ပတ်သက်တာတွေအများကြီးပါမှတော့ ပျင်းစရာကြီးနေမှာပဲလို့ မတွေးပါနဲ့ဗျ။ ဆောင်းပါးလိုမျိုး အပိုင်းလေးတွေ နဲ့ဆိုတော့ မပျင်းစေရဘူးဆိုတာ အာမခံတယ်ဗျာ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးပညာဗဟုသုတတွေ အများကြီးပါတဲ့ ဒီစာအုပ်ကို ဖတ်ပြီးရင်တော့ ရောဂါတစ်ခုဖြစ်လာရင် ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လိုကုသကြမလဲ။ ပြီးရင်ရော ဘယ်လိုကာကွယ်ကြမလဲ ဆိုတာတွေ သိသွားပြီဆိုပြီ ဖတ်ခိုင်းတဲ့သူကို အပြစ်လာမပြောနဲ့နော်။ သြော် … ဒါနဲ့ အရမ်းဆိုးတဲ့ကြောင်ကို ကြွက်တွေစုပေါင်းပြီး ခြူဆွဲပေးကြတဲ့ပုံပြင်လေး ကြားဖူးတယ်မလားဗျ။ မကြားဖူးရင် ဒီစာအုပ်ရဲ့ နောက်ဆုံးမှာ ပါတယ်ဗျို့။ ဖတ်ကြည့်လိုက်ပါ။ ရောဂါဆိုးလို့ခေါ်တဲ့ အရမ်းဆိုးတဲ့ကြောင်ကြီးကို ကြွက်လို့ခေါ်တဲ့ ဘယ်သူတွေက ခြူဆွဲဖို့ ကြိုးစားနေကြလဲဆိုတာ … ။