နားစွင့်ကြားဟန် ရင်ခုန်သံ

သင့်လူ

900 Kyats ကျပ်
မူရင်းစာရေးသူက ဂျာမန်လူမျိုး ယန်းဖိလစ်ဆန်ကာ။ အမေရိကန်နဲ့ အာရှမှာ နိုင်ငံခြား သတင်းထောက်လုပ်ရင်း သူ ဖြတ်သန်းလာတဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေက ပြန်လည် ဖွင့်ထုတ်ရလောက်အောင် ပြည့်လျှံလာပြီး သူ့ကို စာရေးဖို့ တွန်းအားကြီး ဖြစ်စေခဲ့တယ်။ နောက်တော့ အရှိန်အဟုန်နဲ့ စာပေတွေ ဆက်တိုက် ရေးသားလာခဲ့တာ အခုစာအုပ်က သူ့ရဲ့ နာမည်ကြီးလက်ရာ။ ဇာတ်လမ်းကလည်း ထူးခြားတယ်။ ‘မြန်မာပြည်နောက်ခံ ဆွတ်ပျံ့ဖွယ်ကောင်းလှတဲ့ အချစ်ဝတ္ထု’ ။ ဝတ္ထုထဲမှာ ထည့်သွင်း ရေးဖွဲ့ထားတဲ့ ဇာတ်ကောင်ရဲ့ အမည်တွေဟာ သိပ်ကိုရိုးရှင်းတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဇာတ်ဆောင်စရိုက်နဲ့ စာရေးသူ ခင်းကျင်းထားတဲ့ ဇာတ်အိမ်ထဲကနေ စာဖတ်သူဟာ နည်းနည်းမှ ရုန်းထွက်နိုင်လိမ့်မှာ မဟုတ်ပါဘူး။ စာကို စ,ဖတ်တော့မယ်လို့ ရည်ရွယ်လိုက်တာနဲ့ ထမင်းစားထားပါ၊ ရေသောက်ပါ၊ လုပ်စရာရှိတာ လုပ်ထားပါ။ ထမင်းမေ့ဟင်းမေ့၊ အာခေါင်ခြောက်လုလု ရေငတ်တာတောင် ထမသောက်ဘဲ စာအုပ်ကို လက်ကမချ ဖြစ်တတ်ပါတယ်။ ဘယ်လိုလဲဆိုတာ သိချင်ရင်တော့ ဝန်ဇင်းမှာသာ ဖတ်ကြည့်လိုက်ပါ။ ကြိုက်သွားမယ်ဆိုတာ အသေအချာပါပဲ။