အရာအားလုံးနဲ့ လဲပါတယ်

သက်ထက်စိုးမိုး(MLM)

500 Kyats ကျပ်
အလင်းအာရုဏ် ဆိုတဲ့ ကောင်မလေးဘဝက ကြမ်းတမ်းတယ်။ သူက ခါးပိုက်နှိုက်။ အဖေဖြစ်သူ အရက်သမား၊ မိထွေးတို့နဲ့နေရတယ်။ သူ့မှာ မနောဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ မနောက သူကိုချစ်နေတာ။ နောက်တစ်ယောက်က စေတသိတ်။ သူကမျိုးရိုးမြင့်တဲ့လူ။ စီးပွားရေးလောကမှာ ထိပ်တန်းကပဲ။ သူ့ကိုမကျေမနပ်ဖြစ်ပြီး တိုက်ခိုက်နေသူတွေ အများကြီးပဲ။ သူ့မှာ သူ့ကိုအရမ်းချစ်တဲ့ မိထွေးဖြစ်သူ စိမ်းမြခြံရံဆိုတာရှိတယ်။ မသမာသူလူတစ်စုခိုင်းလို့ အလင်းအာရုဏ်က စေတသိတ်ကို ချဉ်းကပ်ရတယ်။ သူ့ရဲ့ယုံကြည်မှုကို ရအောင်ယူ ပြီး သတင်းနှိုက်ထုတ်ရတယ်။ နောက်ပိုင်းမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်ပြီး အလင်းအာရုဏ်ကို စေတသိတ် ချစ်မိသွားတဲ့အခါ…. ပိုဆိုးတာက အလင်းအာရုဏ်ရဲ့ အမေအရင်းက စိမ်းမြခြံရံဖြစ်နေတဲ့အခါမှာ… ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ အရမ်းမိုက်တဲ့ ဒီဝတ္ထုထဲမှာ ခံစားကြည့်ကြပါနော်။