မိန်းမတန်ဖိုး

သက်ထားခင်

1500 Kyats ကျပ်
‘မိန်းမသားဆိုတာ လောကရဲ့ မရှိမဖြစ် လူတန်းစားဖြစ်တယ်၊ မိန်းမသား မပေါ်ပေါက်ခဲ့ရင် ကမ္ဘာ ဆိတ်သုဉ်းသွားမယ်၊ ချစ်ခင်ကြင်နာ စောင့်ရှောက်ပြုစုမှုတွေ ကင်းမဲ့သွားမယ်။ ပျော်စရာ လူမှုဝန်းကျင် ဖြစ်မလာနိုင်တော့ဘူး ဆိုတာ သာမန် အပေါ်ယံ အသိအမြင်နဲ့တောင် သိနိုင်တဲ့ သဘောတရားတွေပါ။ ဒီသဘောတရား သိသူတွေက မိန်းမသားကို တန်ဖိုးထားတယ်၊ ညှာတာစာနာ နားလည်မှုပေးတယ်၊ သဘောတရား မသိသူတွေက မိန်းမသားတွေ ရှိနေလို့ လောက အရှုပ်အထွေး ပေါ်ပေါက်တယ်လို့ မှိုချိုးမျှစ်ချိုး ပြောပြီး ယောက်ျားတွေက မိန်းမထက် ပိုစွမ်းဆောင်နိုင်တယ်၊ မြင့်မြတ်တယ်ဆိုတဲ့ ရှေးဟောင်း အယူအဆကို ဖက်တွယ်နေတုန်းပါပဲ’ လို့ ဆရာမ သက်ထားခင်က အမှာစာမှာ ဆိုထားပါတယ်။ မိန်းမသားတွေဟာ ကိုယ့်တန်ဖိုး ကိုယ်သိရမယ်၊ ကိုယ့်နေရာ ကိုယ်နားလည်ရမယ် ဆိုတဲ့ စေတနာနဲ့ ရေးသားခဲ့တဲ့ ဒီစာအုပ်လေးက ယောက်ျားသားတွေရော၊ မိန်းမသားတွေပါ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။