စိတ်ကြောလျှော့စင်တာနှင့် ဖရီးကစ် ဝတ္ထုတိုများ

သက်ဦးမောင်

600 Kyats ကျပ်
ဖရီးကစ် ဝတ္ထုတိုတွေတဲ့။ နာမည်က ဆန်းလို့ အမှာစာကို ဖတ်ကြည့်လိုက်တော့ စာရေးသူက သူ ဘောလုံးပွဲ ကြည့်တဲ့အခါ အားပေးတဲ့ အသင်းက ဖရီးကစ် ရပြီဆို တော်တော် ရင်ခုန်ရတယ် ဆိုပဲ။ ဂိုးသမား လက်လှမ်း မမီမယ့် ထောင့်ကျဉ်းကျဉ်းလေးထဲကို ဝင်အောင် လှမ်းကန်ရမယ်။ လူတန်းကို လွတ်ပေမဲ့ ဂိုးထဲကို ဝင်ဦးမှ။ ဒီတော့ ခက်တယ်။ အဲ့လို ခက်ခက်ကိုမှ ဝင်သွားရင် အရမ်း ကြည့်လို့ကောင်းတယ်။ အားရစရာ ခံစားချက်မျိုး ဖြစ်တယ်။ ဒီ စာအုပ်ထဲက ဝတ္ထုတိုက စာဖတ်သူ ရင်ထဲကို ထိမယ့် ရသဖရီးကစ်တွေပါပဲ။ ဘယ်ထောင့်ကနေ လာမယ်၊ ဘယ်လို လာမယ် ဆိုတာ သိနေပေမယ့် ကိုယ့် ရင်ထဲကို ထိမယ့် ဖရီးကစ် ဟုတ် မဟုတ် စောင့်ကြည့်ရင်း ဖတ်ရတာ ရင်ခုန်ဖို့ ကောင်းတယ်။ ဝတ္ထုတို တပုဒ်က ဖရီးကစ်တလုံး ဆိုရင် စာဖတ်သူကတော့ ရသ ဖရီးကစ် ဂိုးတွေ ဆက်တိုက်ပေးနေရမှာ သေချာတယ်။ မဖတ်လိုက်ရဘူးဆိုပြီး နောင်တ မရမိအောင် အခုပဲ ဒီစာအုပ်ကို ဖတ်ရှု ခံစားကြည့်ပါဦးလို့။