မှော်နန်းတော်နှင့် စက္ကာဋ္ဌာမင်းသမီး

သကျသကျစံ

အခမဲ့
နန်းတွင်းအချစ်ဇာတ်လမ်းကိုမှ မှော်တွေ၊ ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ဇာတ်လမ်းမျိုး ဖတ်ချင်တယ်ဆိုရင် ဒီစာအုပ်ကိုသာ ဖတ်ကြည့်ပါ။ ဘဒ္ဒါက နှစ်တစ်ရာ ဝံပုလွေမျိုးနွယ်နဲ့ မုဆိုးမျိုးနွယ်တို့က မွေးဖွားလာတဲ့ မိန်းကလေး။ နောက်တော့ သူက ဓိပ္ပနန်းမြို့တော်ရဲ့ အရှင်ဘုရင်အပါးမှာ ခစားရတဲ့ ကိုယ်ရေးဝန် ဖြစ်သွားတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဘဒ္ဒါကြီးပျင်းခဲ့တဲ့ စက္ကာဋ္ဌာတောကြီးထဲမှာ မကောင်းဆိုးရွားတွေ ပြန်ပေါ်လာတယ်ဆိုတဲ့ ကိစ္စပဲဗျ။ အဲဒီတောကြီးထဲမှာ မကောင်းဆိုးရွားတွေ ပြန်ပြီးနိုးထလာမယ်ဆိုတဲ့ ဒဏ္ဍာရီ။ တကယ်နိုးထလာတဲ့ မကောင်းဆိုးရွားတွေ။ တောကြီးထဲမှာ ကြီးပျင်းခဲ့တဲ့ ဘဒ္ဒါ။ အရမ်းနားလည်ရခက်တဲ့ ဘဒ္ဒါချစ်တဲ့ နန်းမြို့ရဲ့အရှင်သခင်။ နောက်ပြီး၊ ဂေဟာမှာနေရပေမယ့် မိဖုရားခေါင်တွေကို ချီးမြှင့်တဲ့ ကျောက်စိမ်းဆံထိုးကို ပိုင်ဆိုင်ထားသူ ဝီဒီရအပြင် တခြားမှော်ဝင် သတ္တဝါတွေအများကြီးနဲ့ ယှက်နွယ်ဖွဲ့စည်းထားတဲ့ ဒီဝတ္ထုက မဖတ်ဘဲမနေနိုင်အောင်ကို စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်။