ဘုမ္မဃဘုရင်မနှင့် သက်ပန်းဝတီ

သကျသကျစံ

အခမဲ့
ယက္ခအနွယ်ဝင်ဖြစ်တဲ့ ဘုမ္မဃဘုရင်မ ဇီထာက သာကီမျိုးနွယ်တွေနေထိုင်တဲ့ သုမလ္လာနန်းတော်ကို သိမ်းပိုက်လိုက်တယ်။ အကုန်သတ်ပစ်တယ်။ အဲဒီလို နန်းသိမ်းပွဲမှာ လွတ်သွားတာက မိဖုရားခေါင် ကေသာဝတီရဲ့ သမီးလေးသက်ပန်းဝတီနဲ့ အထိန်းတော်မယ်ထားအို။ ဇီထာကတော့ မယ်ထားအိုရဲ့ သမီးကို သက်ပန်းဝတီထင်ပြီးတော့ ယစ်ပူဇော်ဖို့အတွက် ဖမ်းထားလိုက်တယ်။ တကယ့် သက်ပန်းဝတီကတော့ သမားတော်လည်းဖြစ်တဲ့ ဦးရီးတော်ဆီရောက်ရှိသွားပါတယ်။ ဝတီက ဓားလှံလက်နက်မှာလည်း ပါရမီပါတယ်။ အရွယ်ရလာတော့ ဦးရီးတော်က ဝတီရဲ့ အတိတ်အကြောင်း ပြောပြတယ်။ အငြိုးအတေးမထားဖို့ ဆုံးမတယ်။ နောက်၊ သိပ်မကြာပါဘူး၊ ဦးရီးတော် ကွယ်လွန်သွားတယ်။ အဲဒီအချိန်မှာ ဝတီ့သူငယ်ချင်း ဘူတာဝါဟန စက်ယန္တရားအတတ်ပညာရှင် မျိုးနွယ်ဖြစ်တဲ့ သာကရက အဖမ်းခံလိုက်ရပြန်တယ်။ အဲဒါကြောင့်ပဲ ဝတီက သူအဖြေရှာစရာတစ်ခု ရှိတဲ့အတွက် နန်းတွင်းကိုဝင်ဖို့ ဆုံးဖြတ်လိုက်ရတယ်။ ဇာတ်လမ်းက အဲဒီမှာစတာပဲ။ ဆက်တိုက်ကို ဇာတ်ရှိန်မြင့်တော့တာ !