မြွေနတ်သမီးကျိန်စာ

သက်မင်းဂျူလိုင်

500 Kyats ကျပ်
..ငါသည် … လောကကို စောင့်ရှောက်၏။ • ငါသည် … မြေရေလေမီးကို ပိုင်ဆိုင်၏။ • ငါ၏ မျက်လုံးတော်နှစ်လုံးတွင် သန္ဓေတည် ကိန်းဝပ်သော (MOON STARS) ခေါ် တန်ခိုးအနဂ္ဃ ထိုက်တန်လှသည့် အဖြူရောင် လကြယ်စင် စိန်ကြီးနှစ်လုံးတွင် … အဖိုးတန် မြကျောက်ရတနာများကို စီခြယ်ကာ မျက်ရှင်တော် … ဟု ဖန်ဆင်းထားခဲ့သည်။ • ငါ၏ မျက်ရှင်တော်မှာ … လပြည့်၊ လကွယ်ညဥ့်များတွင် ထူးခြားသော ရောင်စဉ်တန်း များကို စေလွှတ်၍ … ကောင်းကင်ယံထက်တွင် ပျော်ပါးကျက်စားလေ့ရှိသည်။ • ငါ့အား ယုံကြည်စွာ ချဉ်းကပ်ကိုးကွယ်သူများကို … သင့်တင့်မျှတသော မြေရေလေမီး ဓာတ်လေးပါးကို ပေး၍ ထူးခြားသော အကျိုးရလာဘ်လာဘများကို ပေးစွမ်းပါ၏။ • ထို့အတူ … ငါ့အား မထီမဲ့မြင်နှင့် ပြစ်မှားစော်ကားမှုပြု၍ လောဘအမှောင်ဖုံးကာ ငါ၏ မျက်ရှင်တော်များအား ထိပါးအံ့ …။ ထိုသူတို့သည် … ကုန်ဘေး၊ ရေဘေး၊ မီးဘေး၊ လေဘေး၊ ဓားလှံလက်နက် … မီးပေါက်လက်နက် စသော ဘေးဆိုးများဖြင့် သင့်ရုံမျှမက .. • ငါ၏ကိုယ်စား ကိုယ်ပွား … မြွေအမျိုးပေါင်း တစ်ထောင်ကျော်တို့က ထိုသူ့အား လည်းကောင်း၊ မိသားစုအားလည်းကောင်း၊ ချစ်ခင်သူတို့အားလည်းကောင်း … ဘေးဒုက္ခ ကပ်ဆိုးကြီးများပေးကာ နောက်ဆုံး၌ … သေခြင်းတရားနှင့် ရင်ဆိုင်ကြုံတွေ့ရပါစေ သတည်း။ ဒါဟာ “ရှန်ကာဒေဝီမြွေနတ်သမီး” ရဲ့ ကြက်သီးထဖို့ကောင်းတဲ့ ကျိန်စာကြီးပါ။ ဒီ ကျိန်စာနဲ့ ပတ်သက်ပြီး အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို ဝတ္ထုကို သက်မင်းဂျူလိုင်က ရေးဖွဲ့ထားပါတယ်။ စာဖတ်သူ အရင်က ဖတ်ဖူးနေကြ ဇာတ်လမ်းမျိုး မဟုတ်ဘူးလို့ အာမခံလိုက်ပါရစေ။