မြွေတစ်ရာဂူ

သက်မင်းဂျူလိုင်

500 Kyats ကျပ်
ဆရာသက်မင်းဂျူလိုင်ရဲ့ ချောက်ချောက်ချားချား ပရဆန်းကြယ် လုံးချင်းဝတ္ထုရှည်တစ်ပုဒ်။ မြေတစ်ရာဂူ ဆိုတဲ့အတိုင်း မြွေတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ မြွေတွေရဲ့ သဘာဝ၊ မြွေတွေရဲ့ အန္တရာယ်တွေအပြင် မြွေတွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ပရလောကသားတွေရဲ့ ရန်စွယ်တွေကိုပါ အချိတ်အဆက်မိမိ ဇာတ်လမ်းဆင် ရေးသားထားပါတယ်။ မြွေတစ်ရာတောင်၊ မြွေတစ်ရာချောင်း၊ မြွေတစ်ရာဂူ … အဲဒီနယ်မြေက မကောင်းသတင်းနဲ့ နာမည်ကျော်ကြားပြီး ကြောက်ရွံ့ထိတ်လန့်စရာကောင်းတဲ့ မြွေတစ်ရာဝိညာဉ်ခေါ်သံ။ မြွေတစ်ရာတောင်ကြောမှာ အမဲပစ်ထွက်ကြတဲ့ ငမိုက်သားနှစ်ယောက်နဲ့ မြွေဆိုးကြီးတို့ရဲ့ အသက်လုပွဲက ဘယ်လောက်အထိ စာဖတ်သူကို အသည်းတယားယား ရင်တထိတ်ထိတ် ဖြစ်စေမှာလဲ။ မြွေတစ်ရာတောင်ပေါ်က မြွေတစ်ရာဂူဟာ မြွေတစ်ရာဝိညာဉ်ရဲ့ အပိုင်စားနယ်မြေအဖြစ် ဘာကြောင့် ရှိခဲ့တာလဲ၊ ဒီလို ချောက်ချားစရာ အဖြစ်အပျက်တွေရဲ့ နိဒါန်းအစ မြွေတစ်ရာဂူရဲ့ သမိုင်းကရော ဘယ်လိုလဲ၊ ဒီလောက် နာမည်ဆိုးနဲ့ ထင်ပေါ်တဲ့ မြွေတစ်ရာဂူကို လေ့လာရဲတဲ့သူတွေကရော ဘယ်လိုလူစားမျိုးတွေလဲ၊ သူတို့အတွက် မြွေတစ်ရာဝိညာဉ်ရဲ့ ဒဏ်ခတ်မှုက ဘယ်လောက်အထိ ကြောက်လန့်တုန်လှုပ်စရာ အဖြစ်အပျက်တွေ ဖြစ်ပွားလာစေမလဲ … ဖတ်ကြည့်ပါ မိတ်ဆွေ။ အစ၊ အလယ်၊ အဆုံး၊ သင့်ကို လက်ကမချနိုင်အောင် ဆွဲဆောင်သွားမယ့် သည်းထိတ်ရင်ဖိုဝတ္ထုရှည်ကြီး ဖြစ်ပါတယ်။