ဆရာမနိုင် နှစ်ဆောင်ပြိုင်

သက်မင်းဂျူလိုင်

500 Kyats ကျပ်
နာမည်ဆိုးများနှင့် ကျော်ကြားလျက်ရှိသော နတ်ချောင်းကြီးသင်္ချိုင်းနှင့် နှစ်ဆောင်ပြန်အိမ်အိုကြီးအနီးမှ ညဥ့်နက်သန်းခေါင်အချိန်မတော်ကြီးတွင် အဖော်မပါ တစ်ကိုယ်တည်း ဖြတ်ကျော်သွားလာနေရသည့် ရွှေမိုး၏ ရင်ထဲဝယ် ကြောက်စိတ်များကသာ တရိပ်ရိပ် ကြီးစိုးမင်းမူလာခဲ့ပါချေပြီကော။ တကယ်တော့ ရွှေမိုးခမျာ မုဆိုးမမိခင်ကြီး အသည်းအသန် ဖျားနာနေ၍သာ ညီဖြစ်သူ ငွေမိုးကို ထားခဲ့ကာ ဘုရားလေးရွာမှ ဗီန္ဓောဆရာကြီး ဦးဘိုးဟန်အား သွားရောက်ပင့်ခေါ်ခြင်း ဖြစ်သည်။ ယခုတော့ ညဥ့်နက်သန်းခေါင် မိုးမှောင်မှောင် ရင်ခွင်ထဲမှ နတ်ချောင်းကြီးသင်္ချိုင်းကြီးနှင့် နာမည်ကျော် နှစ်ဆောင်ပြိုင်အိမ်အိုကြီးရှေ့တွင် ရွှေမိုးတစ်ယောက် ရှေ့တိုးရအခက်၊ နောက်ဆုတ်ရအခက် ဖြစ်နေရပါချေပြီတည်း။ ထိုအချိန်တွင် နှစ်ဆောင်ပြိုင်အိမ်အိုကြီးဆီမှ ခွေးအူသံကြီးကလည်း သွေးပျက်ချောက်ချားဖွယ်ရာ ထွက်ပေါ်လာသဖြင့် ရွှေမိုးခမျာ မီးအုပ်ဆောင်းနှင့် တုတ်တိုတစ်ချောင်းကိုင်လျက် ဟိုဟိုသည်သည်ကြည့်ကာ သွေးပျက်စ ပြုလာပါသည်။ “အူ… ဝူး… ဝူး… ဝူး… အူး… အူး…” တစ်ခြမ်းပဲ့လကလေး၏ မှုန်ပျပျ လရောင်မွဲမွဲအောက်မှ မကောင်းဆိုးဝါး မိစ္ဆာကြီးတစ်ကောင်နှယ် အပေါ်မှစီးမိုး၍ ကြည့်နေသည့် နှစ်ဆောင်ပြိုင်အိမ်ကြီးနှင့် သူ၏ ရဲဘော်ရဲဘက် တစ္ဆေကောင်များ၏ အော်ဟစ်မြည်ကြွေးသံများက ရွှေမိုး၏ သတ္တိသွေးနှင့် မိုက်သွေးများကို တစ်စက်ချင်း ဖောက်ထုတ်ယူနေသကဲ့သို့။