ဂမ္ဘီရကြောင်မျက်ရှင်

သက်မင်းဂျူလိုင်

500 Kyats ကျပ်
ကောင်းကင်နက္ခတ်တွေထဲက တောက်ပတဲ့ ကြယ်ကြီးတစ်လုံး လင်းခနဲ လက်ခနဲ ကြွေကျလာပြီး တောင်ကုန်းပေါ်က စေတီကို ထိုးခွဲလို့ မိမိဝမ်းကြာတိုက်ထဲ တိုးဝင်သွားတယ်ဆိုတဲ့ အိပ်မက်တစ်ခုကို ထပ်ခါထပ်ခါ မြင်မက်နေတဲ့ မမင်းဘုံ။ အိပ်မက်ပြီး မကြာခင်လပိုင်းမှာပဲ မမင်းဘုံတစ်ယောက် ကိုယ်ဝန်ရှိလာခဲ့တာမို့ ခင်ပွန်းသည် ကိုကျောက်ပုံတစ်ယောက် ဝမ်းသာအားရပေါ့။ သူတို့ရဲ့ ဆရာကြီး ဘိုးသြဘာကို အိပ်မက်နဲ့တကွ သန္ဓေသားရဲ့နိမိတ်ကိုပါ ဟောပြောစေတဲ့အခါ ဘိုးသြဘာက မရှိခဏဘုရားကို မသွားဖို့ အသေအချာ မှာလိုက်တယ်။ ကိုကျောက်ပုံ သတိထားစောင့်ရှောက်နေတဲ့ကြားက နေ့စေ့လစေ့ ဖြစ်လာတဲ့တစ်နေ့မှာ မမင်းဘုံတစ်ယောက် အိပ်မက်လိုလိုနဲ့ မရှိခဏဘုရားဆီ ရောက်သွားခဲ့ပြန်တယ်။ မမင်းဘုံ ဘုရားဖူးနေတုန်းမှာပဲ တောင်ကုန်းတစ်ဝိုက်မှာ ငလျင်ပြင်းပြင်းထန်ထန်လှုပ်ပြီး မမင်းဘုံလည်း သတိလစ်သွားခဲ့တယ်။ ကံကောင်းထောက်မစွာပဲ ဆေးရုံရောက်ပြီး ကလေးကိုလည်း အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်။ ထူးခြားတာ တစ်ခုက မရှိခဏဘုရားမှာ ငလျင်လှုပ်တာ ကြုံခဲ့ရတုန်းက မမင်းဘုံရဲ့ လက်ထဲ လက်စွပ်လေးတစ်ကွင်း ရောက်နေခဲ့တာပဲ။ အိပ်မက်နိမိတ်အရ စောရနက္ခတ်ဟာ ဘုရားကို ဦးခိုက်ပြီး မမင်းဘုံ ဗိုက်ထဲ တိုးဝင်ခဲ့တာရယ်၊ မမင်းဘုံ ဘုရားပေါ်ရောက်မှ တိုက်တိုက်ဆိုင်ဆိုင် ငလျင်လှုပ်ခဲ့တာရယ်၊ သူခိုးကြီး ငတက်ပြားရဲ့ ကြောင်မျက်ရှင်လက်စွပ်ကလေး လက်ထဲရောက်နေခဲ့တာရယ်၊ အားလုံးကို ပေါင်းစပ်ပြီးမှ မွေးဖွားလာခဲ့တဲ့ သမီးလေးရဲ့ ကံကြမ္မာရယ်၊ ဘယ်လို ဆက်စပ်နေမလဲ။ ဂမ္ဘီရကြောင်မျက်ရှင်ကရော ဘယ်အချိန်မှာ ဘယ်လို အစွမ်းပြလေမလဲ။