ဟယ်ရီပေါ်တာ

သက်ပိုင်

500 Kyats ကျပ်
ဟယ်ရီပေါ်တာက စာရေးဆရာမကြီး ဂျေကေရိုးလင်းရဲ့ ဆန်းကြယ်တဲ့ မှော်ပညာနောက်ခံနဲ့ စိတ်လှုပ်ရှားဖွယ် ရေးသားထားတဲ့ ဇာတ်လမ်းဖြစ်သလို ကမ္ဘာတဝှမ်းက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ဝတ္ထုဇာတ်လမ်းပါပဲ။ ဒီစာအုပ်က အဲဒီ ဇာတ်လမ်းထဲမှာပါဝင်တဲ့ အသေးစိတ် အကြောင်းအရာတွေကို နားလည် သဘောပေါက်ချင်တဲ့ အမာခံပရိသတ်တွေအတွက် အထောက်အကူဖြစ်စေမှာပါ။ စာအုပ်ထဲမှာ ဇာတ်လမ်းအကျဉ်းချုပ်၊ ဇာတ်ကောင် တစ်ယောက်ချင်းစီရဲ့ အတ္ထုပ္ပတ္တိ တွေအပါအဝင် မှော်ဝင်တိရစ္ဆာန်၊ ပစ္စည်းတွေနဲ့ ပြုစားလို့ရတဲ့ မန္တာန်၊ အစီအရင် စတာတွေ အပြင် ဝတ္ထုနဲ့ ဇာတ်လမ်းတွေရဲ့ အသေးစိတ်ကိုပါ တဝကြီး ဖတ်ရှုခံစားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ခေါင်းစဉ်တစ်ခုစီရဲ့ နောက်ဆုံးမှာ ဟယ်ရီပေါ်တာတစ်ယောက် ဘယ်လို ဇာတ်သိမ်းသွားမလဲဆိုတဲ့ လေ့လာ ဆန်းစစ်ချက်တွေကိုပါ ဖော်ပြထားတာဖြစ်လို့ ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်။