ကျွန်တော် ပိုင်တဲ့ ပန်းတစ်ခိုင်

သကျထကျစိုးမိုး(MLM)

500 Kyats ကျပ်
ဇမ္ဗူဒိပ်။ နာမည်က တင်စီးသလောက် လူကလည်း တင်စီးတယ်။ လုပ်ချင်ရာလုပ်တယ်၊ နေချင်သလိုနေတယ်။ သူ့အဖေကလွဲလို့ မိသားစုအကုန်လုံးက အလိုလိုက်တော့ ပိုဆိုးတယ်။ အဖေက ကုမ္ပဏီအလုပ်တွေကို သင်ယူစေချင်တယ်။ ဒါပေမယ့် ဇမ္ဗူဒိပ်ကတော့ နိုးပဲ။ နောက်တစ်ယောက်က ပန်းတစ်ခိုင်၊ လိမ္မာရေးခြားရှိတယ်။ သိမ်မွေ့တယ်။ မိဘကို သိတတ်တယ်။ သူ့အဖေက အိမ်ထောင်ပြုစေချင်တယ်။ ဒါပေမဲ့ သူကတော့ အနားကပ်လာတဲ့ ယောက်ျားမှန်သမျှ နိုးပဲ။ ဒီပြဿနာတွေကို ဖြေရှင်းမယ့်သူတွေက သူတို့ရဲ့အဖေတွေဖြစ်တဲ့ ဦးမြတ်ကျော်နဲ့ ဦးသူရိန်။ ဇမ္ဗူဒိပ်နဲ့ ပန်းတစ်ခိုင် မသိတာက သူတို့အဖေတွေက သူတို့ကို ပေးစားမယ်ဆိုပြီး ငယ်ငယ်လေးကတည်းက သဘောတူထားကြတယ် ဆိုတာပေါ့။ တစ်ယောက်မျက်နှာ တစ်ယောက်တောင် မမြင်ဖူးတဲ့ ဇမ္ဗူဒိပ်နဲ့ ပန်းတစ်ခိုင်တို့နှစ်ယောက် မိဘတွေရဲ့သဘောတူထားမှုမှာ ဘယ်လိုပြဿနာတွေ ဖြစ်ကြမလဲဆိုတာ ရင်ခုန်စွာနဲ့ ဖတ်ကြည့်လိုက်ရအောင်!