ကျွန်မကို ဒီလိုပြောခဲ့တာနှင့် ကျွန်မရဲ့ ၀တ္ထုတိုများ

ဝါဝါထင်လင်း

600 Kyats ကျပ်
ဆရာမ ဝါဝါထင်လင်းဆိုတာ ရသဝတ္ထုတိုတွေ၊ ရသဆောင်းပါးတွေကို ပိုင်နိုင်စွာ ရေးဖွဲ့တတ်တဲ့ ဝါရင့်ကလောင်ရှင်တစ်ဦးပါ။ ဆရာမရဲ့ အတွေးရသဆောင်းပါးတွေဆိုရင် လူကြီးလူငယ်မရွေး နှစ်သက်ကြသလို၊ ဆရာမရဲ့ လက်ရာ ဝတ္ထုတိုတွေကလည်း ရသဝတ္ထု ကြိုက်နှစ်သက်သူတိုင်း မလွတ်တမ်း စောင့်ဖတ်ရတဲ့ လက်ရာကောင်းတွေပါပဲ။ အခု စာချစ်သူတို့ ဖတ်ကြရမယ့် "ကျွန်မကိုဒီလို ပြောခဲ့တာနှင့် ကျွန်မ၏ ဝတ္ထုတိုများ" စာအုပ်လေးကလည်း ရသအားကောင်းတဲ့ ဝတ္ထုတိုတွေဆိုတော့ စာချစ်သူတို့ အကြိုက်တွေ့ဦးမယ့် စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ လူမှုဘဝ သရုပ်ဖော်၊ မိသားစုထဲက ချစ်ခြင်းမေတ္တာ၊ လူတွေရဲ့ စရိုက်သဘာဝတွေကို ပီပီပြင်ပြင် ဖော်ထုတ်ရေးသားထားတဲ့ ဝတ္ထုတိုလေးတွေကို ခံစားကြည့်ပါဦးခင်ဗျ။