နတ္ကေဝတိုက္ပြဲ

ဝရိန်မိုး

500 Kyats ကျပ်
အိမ်တွင်ဒုက္ခိတ ဖြစ်နေသော ဖခင်ကြီး၏ ရောဂါအား မိမိ၏ မဖြစ်စလောက်ဝင်ငွေလေးဖြင့် ကုသပေးနေသော်လည်း ဖခင်ရှာဖွေထားသော ပစ္စည်းဥစ္စာများကို မိထွေးမှ အပိုင်သိမ်း၍ ကျော့မော့အောင်နေလျှက် မိမိအား ကျွန်သဖွယ် ပြောဆိုဆက်ဆံနေသော မိထွေးဒေါ်စိန်ရင်အား မုန်းမိသည်မှာ လွန်အံ့တော့မထင်ချေ။ လူဆိုသည် အကောင်း၌ဖြစ်စေ အဆိုး၌ဖြစ်စေ မည့်သည်နေရာတွင်မဆို အလွန်အကျူး မဖြစ်သင့်ပေ။ ထိုသိုဖြစ်လာလျှင့် ပြုသူ ခံရသူအဖို့၌ များစွာသော သောကတို့သည် ဒေါသအသွင်သို့ပြောင်းလဲသွားလေတော့သည်။ ထိုဒေါသကို ဖြေသိမ့်နိုင်အောင် ကြံဆောင်လျှက် များစွာသော ထင်းတုံးတို့ အပေါ်၌သာ ဒေါသအား ပုဆိန်နှင့် နှစ်ပါးသွားခိုင်းခဲ့လေသည်။ မှန်ကန်သောနည်းမဟုတ်သေးလည်း ဒေါသကို တခြားဘက်သို့ ရွှေ့ပြောင်းထားနိုင်ခြင်းကိုက ချီးကျူးဖွယ်ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် အိမ်တွင်မနေလိုသော မိုးမြေ၏ စိတ်အသွင်တို့သည် ထူးဆန်းစွာ တည်ငြိမ်လာလေတော့သည်။ ယဉ်နေသော သိမ်မွေ့သော စိတ်တို့သည် ကောင်းမှုပေါ်တွင် အခြေတည်သော် ပြဿနာမဖြစ်နိုင်သော်လည်း မကောင်းမှု အပေါ်တွင် အခြေတည်ပါက အရုပ်ဆိုး အကြည်းတန်သော သိမ်မွေ့မှုနှင့် ယဉ်ကျေးမှု ဖြစ်လာနိုင်ပေသည်။