ထို့ကြောင့်

ဝင်းဝင်းမြင့်(နန်းတော်ရှေ့)

600 Kyats ကျပ်
။ ။ ထို့ကြောင့် သည် စိတ်ကူးယဉ်ဖန်တီးမှုများ မဟုတ်ခဲ့ရပါ။ မမေ့နိုင်စရာ အတွေ့အကြုံများ၊ ဝမ်းနည်းကြေကွဲဖွယ်များ၊ မျှော်လင့်ချက်များကို ရေးတတ်သလို ရေးဖွဲ့မိခြင်းသာ ဖြစ်ပါသည်။ ရေးနေစဉ်မှာတော့ ကျွန်မ၏ 'ထို့ကြောင့်' ဇာတ်ကောင်များနှင့်အတူ သတိတရ ရှိနေမိသူကတော့ ကျွန်မ၏ မမနှင်း (ဆရာမကြီးဒေါ်နှင်းနှင်းမော်) ဖြစ်ပါသည်။ ကျွန်မ၏ စာပေသက်တမ်းတစ်လျှောက်မှာ ကလေးများအတွက်၊ အနာဂတ်အတွက်၊ မျှော်မှန်းချက်ကြီးကြီး၊ ဝီရိယကြီးကြီး၊ စိတ်ကူးကောင်းကောင်းနှင့် ရိုးသားစွာ ကြိုးစားမြှုပ်နှံနိုင်ပုံ စွမ်းဆောင်မှုများကိုလည်း လေးစားခဲ့ရ၊ အတုလည်းယူခဲ့ရသည့် ကျွန်မ၏ ဆရာမ ဖြစ်ပါသည်။ မမနှင်း၏ စိတ်ဝိညာဉ် ပူးကပ်၍ ရေးခဲ့သော ကျွန်မ၏ 'ထို့ကြောင့်' များကို ကျွန်မ ကျေနပ်အားရခဲ့ပါသည်။