ပန်းပွင့်လေးတွေခေါက်ကြမယ်

ဝင်းဝင်းလှိုင်

600 Kyats ကျပ်
စက္ကူရွက်ကလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ပန်းပွင့်ကလေးတွေ ခေါက်ပြီး သူငယ်ချင်း အချင်းချင်းကိုဖြစ်ဖြစ်၊ ချစ်သူကိုဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေကိုပဲ ဖြစ်ဖြစ် ပေးချင်ကြတဲ့သူတွေ ရှိကြမှာပဲနော်။ ရောင်စုံစက္ကူလေးတွေကို အသုံးပြုပြီး ငွေကုန်ကြေးကျလည်း သက်သာ၊ လက်ဆောင်ရသူလည်း သဘောကျစေမယ့် စက္ကူပန်းလှလှလေးတွေကို လက်ဆောင်ပေးချင်ပေမဲ့ ဘယ်လိုခေါက်ပြီး ဘယ်လိုဖန်တီးရမယ်မှန်း မသိသူတွေအတွက် ဒီစာအုပ်လေးက အကူအညီ ပေးပါလိမ့်မယ်။ အထူးသဖြင့် စိတ်ကောက်နေတဲ့ ချစ်သူကို အမျိုးအစားစုံလင်တဲ့ စက္ကူပန်းလှလှလေးတွေပေးပြီး ချော့ချင်တဲ့ ကောင်လေးတွေအတွက်တော့ အခွင့်အရေးပဲပေါ့ဗျာ။ စဉ်းစားကြည့်လေ … ကိုယ့်ချစ်သူအတွက် ကိုယ့်လက်နဲ့ ကိုယ်တိုင်ခေါက်ပြီး အားထုတ်ဖန်တီးပေးထားတဲ့ စိတ်ကောက်ပြေလက်ဆောင်ကို ဘယ်ကောင်မလေးက သဘောမကျဘဲ နေမလဲနော်။ မိန်းကလေးဆိုတာ နဂိုကတည်းက ပန်းကြိုက်တဲ့ အမျိုးပဲလေ။ ဒီလို စက္ကူပန်းလှလှလေးတွေကို ကိုယ်တိုင်ခေါက်ပြီး Ro ပြလိုက်မယ် ဆိုရင်တော့ ကြွေဆင်းသွားမှာပေါ့။ ပန်းခေါက်နည်းကလည်း ပန်းအမျိုးအစားအစုံဆိုတော့ နည်းလမ်းမျိုးစုံနဲ့ ပုံစံမျိုးစုံ ပန်းမျိုးစုံကို ခေါက်လို့ရမှာ။ စာအုပ်ထဲက နည်းလေးတွေက ရှင်းရှင်းရိုးရိုးလေးပဲဗျ။ သရုပ်ဖော်ပုံနဲ့ရော၊ စာနဲ့ပါ ခေါက်နည်းကို တစ်မျိုးချင်းစီ ပြထားတာ။ ကဲ … အချိန်မဆွဲနဲ့တော့ဗျို့။ အခုပဲ ဒီစာအုပ်လေးကို ဖတ်ကြည့်ပြီး စာအုပ်ထဲက နည်းလေးတွေနဲ့ စက္ကူပန်းတွေခေါက်လို့ Ro ကြပါစို့ဗျာ။