အမုန်းသင့်ကျိန်စာ

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
မြသရဖီဘဝက ဒုက္ခပင်လယ်ဝေတော့မှာ သေချာသလောက်ရှိနေပြီ။ သူ့ကို မွေးစားထားတဲ့ အဒေါ်က ကားမှောက်ပြီး ဆုံးသွားတယ်။ အဲဒီအချိန်မှာ ဘယ်ဆီရောက်လို့ ဘယ်ပေါက်နေမှန်းမသိတဲ့ ဦးလေးဖြစ်သူတွေက ချက်ချင်းရောက်လာပြီး အိမ်သော့လာတောင်း၊ ရွှေဆိုင်သော့လာတောင်းနဲ့ ပိုင်ဆိုင်သမျှတွေခွဲဖို့ လုပ်ကြပါရော။ မြသရဖီကတော့ အဒေါ့် ယောက်ျား ဦးနောင်ရဲ့ သား လင်းနဒီနဲ့ ကားမှောက်တဲ့နေရာကို လိုက်သွားခဲ့ပါတယ်။ ကားမှောက်တဲ့နေရာ ရောက်တော့ သူတို့ထင်သလိုမဟုတ်။ အဒေါ်က ကားမှောက်တဲ့အထဲ ပါမသွားဘူးလား ? နောက်၊ မြသရဖီရဲ့ ဘဝရှေ့ရေးအတွက် ဦးလေးတွေကြားထဲ လင်းနဒီဝင်ပြီး ဝုန်းဒိုင်းကြဲဖို့ ကြိုးစားလာတဲ့အခါ …