ကြမ်းကြမ်းကြမ်း

လျှို့ဝှက်လူ

200 Kyats ကျပ်
ပဲခူးရိုးမဘက်က ဒေသတစ်ခုမှာ အမှန်တကယ် ဖြစ်ပွားခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်။ နေရာက အထင်ကရနေရာ။ နာမည်ကောင်းနဲ့ အထင်ကရ ဖြစ်တာတော့ မဟုတ်ဘူး။ ပွဲကြမ်းတတ်တဲ့ နေရာ၊ နေဝင်ရီတရောဆို သာမန်သတ္တိလောက်နဲ့ တော်ရုံယောက်ျား မသွားရဲတဲ့နေရာ။ အဲဒီနေရာကို ကျတ်ဘီလူးကုန်းလို့ ခေါ်ကြပါတယ်။ နယ်ကြမ်း၊ မြေကြမ်း။ တစ္ဆေ၊ ဖုတ်၊ ဘီလူး၊ ကျတ်၊ စတဲ့ နာနာဘာဝမျိုးစုံ မြူးတူးကျက်စား ပျော်ပါးရာနေရာဖြစ်တဲ့ ကျတ်ဘီလူးကုန်း။ ဒီလို မြေကြမ်း နေရာကြမ်းနဲ့ စိတ်ကြမ်းလူကြမ်း တောမုဆိုးကြီး ဗိုလ်ပိန်တို့ ထိတ်တိုက်တိုးတဲ့ အဖြစ်အပျက်တွေက စိတ်ဝင်စားစရာပါပဲ။ စိတ်လှုပ်ရှားစရာပါပဲ။ အသည်းတထိတ်ထိတ်၊ လိပ်ပြာတလှပ်လှပ် ဖတ်ကြရမယ့် ‘ကြမ်း ကြမ်း ကြမ်း’ ဆိုတဲ့ ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ဖတ်ကြည့်လိုက်ရအောင်လား စာချစ်သူများခင်ဗျ။