ကိုယ်တွေ့ကြုံမှ ယုံရလေသည်

လျှို့ဝှက်လူ

200 Kyats ကျပ်
ကောင်းတဲ့သူဆိုတာ နေရာတိုင်းမှာရှိသလို မကောင်းတဲ့သူလည်း နေရာတိုင်းမှာရှိပါတယ်။ ကဝေဆိုတာလည်း မကောင်းတဲ့သူထဲမှာ ပါတယ်လို့ ပြောလို့ရတယ်။ ကံဆိုးချင်တော့လည်း ဝေတိုးနဲ့ ကိုကြီးပွတို့နှစ်ယောက်က ခပ်ဆိုးဆိုး ကဝေတစ်ကောင်နဲ့ တွေ့တယ်။ နှစ်ကောင်သား မူးမူးနဲ့ ရင်ကွဲတောင်ကို ညဖက်ကြီးကျော်ဖို့လုပ်တာ လမ်းတွေပျောက်နေတော့ အစတုန်းက တောခြောက်တယ်ထင်ကြတာပေါ့။ နောက်မှဘယ်ဟုတ်မလဲ အဲဒီကဝေက လှည့်စားထားတာ ဖြစ်နေလေရဲ့။ သူတို့နှစ်ယောက် ဘယ်လိုအလှည့်စားခံရလဲ ဘယ်လို အဆုံးသတ်သွားမလဲ၊ ဘယ်သူကများ လာကယ်နိုင်ပါ့မလဲ ?