တမလွန်ကို သုတေသနပြုခြင်း

လှတိုး (စိတ်ပညာ)

800 Kyats ကျပ်
တမလွန်ဘ၀ရှိ-မရှိ ပြဿနာကို သိပ္ပံသုတေသီတို့က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပင် သိပ္ပံနည်းကျ လေ့လာသုတေတန ပြုလုပ်ခဲ့ကြပါတယ်။ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားတိုင်းမှာလည်း တမလွန်နဲ့ ပတ်သက်တဲ့ ယုံကြည်မှုများစွာ ရှိကြပါတယ်။ ဘုရားရှင်က တမလွန် ရှိ-မရှိ ကိစ္စအတွက် သွယ်ဝိုက်သော အဖြေကိုသာပေးလေ့ရှိခဲ့ပါတယ်။ မေးလျှောက်လာသူမှန်သမျှကို ဘုရားရှင်က တမလွန်ဘ၀ရှိသည်ဟု ယုံကြည်ပါသလား လို့မေးမြန်းပြီး ကာယကံရှင်၏ ယုံကြည်မှုအတိုင်း နေထိုင်ကျင့်ကြံဖို့ လမ်းပြပေးတော်မူခဲ့ပါတယ်။ အနောက်နိုင်ငံက ကမ္ဘာကျော် လူဝင်စားသုတေသီ ဒေါက်တာ အီယန်စတီဗင်ဆန်က လူဝင်စားများ၊ သေလွန်ခါနီးသူများရဲ့ ပြောပြချက်များ၊ တွေ့ကြုံခဲ့ရမှုများကို စာတမ်းပြုစုထားပြီး စာအုပ်အဖြစ်ထုတ်ဝေခဲ့တဲ့အခါ တမလွန်ဘဝပတ်သက်ပြီး လက်ခံယုံကြည်မှု မြင့်မားလာခဲ့ပါတယ်။ ဒီစာအုပ်ကို စာရေးဆရာ လှတိုး(စိတ်ပညာ) က "တမလွန်ကို သုတေသနပြုခြင်း" အမည်နဲ့ ဘာသာပြန် ရေးသားထားပါတယ်။ စာဖတ်သူတို့အတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ စာအုပ်ကောင်းတစ်အုပ်အဖြစ် လမ်းညွှန်လိုက်ရပါတယ်ရှင်။