လူမိုက်

လွင်ဦးဟန်

200 Kyats ကျပ်
ဆရာလွင်ဦးဟန်ရဲ့ ပထမဆုံး တစ်ကိုယ်တော်လုံးချင်း ဝတ္ထုတိုစုစည်းမှု စာအုပ်လေး ဖြစ်တဲ့ 'လူမိုက်နှင့် ဝတ္ထုတိုများ' ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ပရလောက နောက်ခံဇာတ်လမ်းတွေ၊ ဖြစ်ရပ်မှန် ထူးခြားဆန်းကြယ် အကြောင်းအရာတွေ၊ ဘဝရသ ပုံဖော်မှုတွေကို တစ်ပုဒ်နဲ့တစ်ပုဒ် မတူကွဲပြားတဲ့ ရသအမျိုးမျိုး၊ ခံစားမှု အဖုံဖုံနဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုများစွာကို ဖတ်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်နှင့် လောကပ်ပညာ၊ ဆယ့်ကိုးအိမ်တန်းက မသန်းမြ၊ တစ္ဆေမိတ်ဆွေ၊ တစ္ဆေရွာ၊ မိတ္တ၊ ရာဘာဖိနပ်လေးတစ်ရံ၊ ဟိုဘက်ခြံက ကောင်မလေး၊ အပင်း၊ ကောက်ရ၊ မြေဇာမြက်တို့၏ ငိုရှိုက်သံ၊ လူမိုက်၊ အောက်လမ်း … စတဲ့ ဝတ္ထုတိုတွေ ပါဝင်ပါတယ်။ ဝတ္ထုတိုတွေကလည်း ပရရော၊ ဘဝရသရော၊ လောကမှာ လူသာမန်တွေအနေနဲ့ ကြုံခဲ ဖြစ်ခဲတဲ့ အဖြစ်အပျက်တွေကို ရေးဖွဲ့ထားတဲ့ ထူးထူးခြားခြား ဖြစ်ရပ်ဆန်းတွေဖြစ်သလို ဝတ္ထုတိုအားလုံးဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရေးသားထားတဲ့ ဇာတ်လမ်းတွေပါပဲ။ ပရဆန်းကြယ်၊ ဖြစ်ရပ်မှန်၊ ဘဝရသ၊ စတဲ့ ခံစားမှု ရသအမျိုးမျိုးကို ပေးစွမ်းနိုင်မယ့် ဝတ္ထုတိုတွေ ဖြစ်တာကြောင့် ရသဝတ္ထုတို ကြိုက်နှစ်သက်တဲ့ စာဖတ်သူတွေအတွက် စိတ်ကျေနပ်မှု ပြည့်ဝစေမယ့် ဝတ္ထုတိုစု စာအုပ်တစ်အုပ်ဖြစ်မှာ သေချာပါတယ်။